၂၃၁။ "ညှဉ်းပန်းနှိပ်စက်ခြင်း - ၃"

1.1K 78 0
                                    

၂၃၁။ “ညှဉ်းပန်းနှိပ်စက်ခြင်း - ၃”

ချင်ယုယန်က ကျေနပ်အားရသွားပြီး ခေါင်းညိတ်ပြသည်။ ဘိုင်ယန်ရှင်းအန်က အမြန်အဆန် ဘေးသို့ ဆုတ်ကာ ဝန်ထုပ်ကြီး ကျသွားသလို ခံစားလိုက်ရသည်။ ချင်ယုယန်က အခြားချင်းယန်ကလန်တပည့်ကို လက်ဟန်ပြကာ နောက်ဆုတ်ခိုင်းလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ခွေလိပ်နေဆဲ မိုချင်းယွမ်ထံ လျှောက်လှမ်းသွား၍ သူ့ခေါင်းကို ဆွဲမလိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်တွင် အသက်မဲ့နေသည့် မိုရွှမ်ဖေးကို မြင်အောင် ပြလိုက်သည်။

“အရှင်မင်းကြီး, နင့်ညီတော်က သေသွားပြီ၊ သူ့လို မဖြစ်ချင်ရင်, နင် သိထားတာကို ငါတို့ ပြောပြပါလား။” ချင်ယုယန်က မိုချင်းယွမ်ကို ထူးမခြားနားဟန်ဖြင့် ပြောသည်။ သူက အခုထိ သူ့ပါးစပ်ကို မနည်းဟနေရသည်။ အဆိပ်က သာမန်အဆိပ်မဟုတ်ချေ။ ၎င်းအဆိပ်၏ အာနိသင်က ကိုယ်တွင်းအင်္ဂါများကို ပြောမပြတတ်အောင် ပျက်စီးစေသည်။ အင်မတန် နာကျင်ခံစားရစေပြီး သေဖို့ပင် တောင်းဆိုရသည်အထိ ဖြစ်သည်။

သို့ကလောက် နာကျင်ခံစားနေရသည့်တိုင်, မိုချင်းယွမ်က တစ်လုံးတစ်လေကိုပင် မပြောပြဘဲ ငြင်းဆိုနေဆဲ ဖြစ်သည်။

သို့အတွက်ကြောင့် ချင်ယုယန်က မချင့်မရဲ ဖြစ်လာသည်။

“အရှင်မင်းကြီးက ကိုယ့်အတိုင်းအတာကို မသိသေးပုံဘဲ။” ချင်ယုယန်က အသာအယာပင် ပြောသည်။ သူက ချင်းယန်တပည့်ကို မိုချင်းယွမ်အား ဆွဲထူဖို့ လက်ဟန်ပြသည်။ “ငါတို့က အတော် သက်ညှာပေးထားတာ ဖြစ်နိုင်တယ်, ပြောပြရအောင် ပို လုပ်ဖို့ လိုနေပြီ၊ ဦးလေး ဂျန်း, ကျေးဇူးပြုပြီး ကူညီ ဆောင်ရွက်ပေးပါ။”

ဂျန်းချန်ချင်းက လျှောက်လှမ်းလာပြီး မိုချင်းယွမ်၏ ညာဘက်လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် သူက မိုချင်းယွမ်၏ လက်သန်းထိပ်ကို ကိုင်၍ သူ့ဝိညာဉ်စွမ်းဖြင့် ချုပ်ကိုင်လိုက်သည်။

“အား.................” သနားဖွယ်ရာ အော်ဟစ်ညည်းညူသံက ခန်းမတစ်ခုလုံး ပြည့်နှက်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now