၃၉၂။ စာရင်းသွင်းခြင်း - ၈
ချက်ချင်းပင် ခန်းမကြီးထဲတွင် လူတိုင်း၏ အသက်ရှူသံပြင်းပြင်း ထွက်ပေါ်လာသည်။ တပည့်ကြီးများအားလုံး၏ မျက်နှာများက တုန်လှုပ်ဟန် ပေါ်လာကြသည်။
အတော်တောင် နောက်ကျနေပြီပဲ၊ လူတိုင်းက ငါတို့ရဲ့ ရောင်းရင်း တပည့်သစ်လေးတွေကို ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်သွားအောင် ခေါ်သွားကြတော့၊ ဒီကောင်လေးအတွက်တော့, ငါ သူ့ကို ခေါ်သွားမယ်။ ထိုစကားကို ပြောပြီးနောက် ဖန်ဂျင်က တခြားတပည့်ကြီးများ၏ တုန်လှုပ်နေဟန်ကို ဂရုမစိုက်တော့ဘဲ ဂျန်ဝုရှီ၏ ပခုံးကို အသာအယာ ပုတ်၍ သူ့နောက်လိုက်ဖို့ရန် အချက်ပြပြီး ခန်းမကြီးမှ လှည့်ထွက်သွားသည်။
ဂျန်ဝုရှီက ရုတ်တရက် ပေါ်ပေါက်လာသော အကိုကြီး ဖန်ဆိုသူကို မည်သူမှန်း မသိသော်လည်း ခန်းမကြီးထဲရှိ တခြားတပည့်ကြီးများနှင့် နှိုင်းယှဉ်လျှင် ဒီလူက အကောင်းဆုံး ရွေးချယ်မှုဖြစ်မှန်း သိသည်။
ဖန်ဂျင်က ဂျန်ဝုရှီကို ခန်းမကြီးထဲမှ ဦးဆောင်ခေါ်သွားပြီးသည့်နောက်မှာပင်, ခန်းမကြီးထဲရှိ အခြားတပည့်ကြီးများက ပြန်လည် အဖတ်မဆယ်နိုင်ကြသေးချေ။
တပည့်သစ်ထဲမှ တစ်ယောက်က အားတင်း၍ သူ့အတွက် တွဲဖက်ပေးထားသော တပည့်ကြီးကို မေးသည် အကိုကြီး, အကိုကြီး ဖန်က တစ်ခုခု မှားနေလို့လား၊ ဘာလို့ အကိုကြီးတို့ အားလုံး ဒီလို အမူအရာ ဖြစ်နေကြတာလဲ....
ထိုတပည့်ကြီးက အသက်လေးလေး ရှူသွင်းလိုက်ပြီး သူ့ နားသယ်ကို ဖိလိုက်သည် အဲ ဖန်ဂျင်ဆိုတာ လေညင်းကျောင်းတော် ကျောင်းအုပ်ကြီးရဲ့ မွေးစားသား၊ ပြီးတော့ လိပ်ပြာတိုက်ပွဲမှာ အဆင့်လေး ရထားသူ၊ ဖန်ဂျင်က နည်းပေးလမ်းပြ ပေးရလောက်အောင် အဲကောင်လေးက ဘယ်လောက်တောင် ကံကောင်းနေရတာလဲ။
ဖန်ဂျင်၏ အဆင့်အတန်းက ပြိုင်ဘက်ကင်းသည်။ သူက ကျောင်းအုပ်ကြီး၏ မွေးစားသားဟူသော ဂုဏ်ပုဒ်ရှိရုံပင်မကဘဲ, အတော်သန်မာသည့် လက်စွပ်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူလေ့ကျင့်ထားသည့် ဝိညာဉ်စွမ်းအားက လေညင်းကျောင်းတော်ရှိ တခြားတပည့်များကို မြေမှုန့်သာသာ အဖြစ် ခံစားရစေသည်။
