၅၆၅။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၄

581 56 3
                                    

၅၆၅။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၄

ဟဲချန်လီက လှည့်လာ၍ သတ္တိရှိလာစေရန် လေလံပစ်သူ၏ ပခုံးကို ပုတ်၍ ပြောသည် ဒီလေလံအိမ်တော်က ချန်လင်းမြို့တော်မှာ ဂုဏ်သိက္ခာကြီးမားတဲ့ အိမ်တော်ပဲ၊ အဲဆေးလုံးတွေနဲ့ ငါတို့ ချန်လင်းလေလံအိမ်တော်ကို နောက်အဆင့်တစ်ခု ရောက်အောင် ဆွဲခေါ်သွားနိုင်မယ်ဆိုရင်, ငါတို့အတွက် ဒါက ငြင်းကွယ်လို့ မရတဲ့ ရလဒ်ပဲ၊ မင်း အဲဒါကို ကောင်းကောင်း မှတ်ထားပါ၊ မင်း ကနေ့ အကောင်းဆုံး ဖျော်ဖြေပေးရမယ်၊ ကနေ့ ဒီပရိသတ်ကြီးက ဆေးလုံးတွေအတွက် တိုက်ရိုက် ရောက်လာကြသူတွေ ဖြစ်တယ်၊ ကနေ့ ငါတို့ သူတို့ကို စီတ်ကျေနပ်‌အောင် လုပ်ပေးနိုင်မယ်ဆိုရင်, ဖောက်သည်က ငါတို့ဆီ ပြန်လာချိန်မှာ, သူက ငါတို့ကို အမြဲတမ်း အခြေခံအနေနဲ့ ဆေးလုံးတွေ ထောက်ပံ့နိုင်မလားဆိုတာ, ငါ သူနဲ့ အတူတူ အသေးစိတ် ဆွေးနွေးနိုင်လိမ့်မယ်၊ အရာရာ အဆင်ပြေသွားရင်, ငါတို့ ချန်လင်းလေလံအိမ်တော်ကို ချန်လင်းမြို့ထဲမှာသာ ထိန်းချုပ်ထားရမှာ မဟုတ်တော့ဘူး။

ကျနော် လုပ်ပါ့မယ်၊ ကျနော် ကနေ့ည အကောင်းဆုံး ကြိုးစားပြီး တင်ဆက်ပေးပါ့မယ် လေလံပစ်သူက ယုံကြည်ချက်ရှိစွာ ပြောသည်။ သူက နောက်ဆုံးအနေဖြင့် သူ့အင်္ကျီကို ဆွဲဆန့်၍ သေချာစစ်ဆေး ပြုပြင်လိုက်သည်။

သွားတော့, ငါတို့ လေလံအိမ်‌တော်ရဲ့ အနာဂတ်ကို ကနေ့ည အဆုံးအဖြတ် ပေးလိမ့်မယ် ဟဲချန်လီက မျှော်လင့်ချက်ကြီးမားစွာ မြေညီထပ်တွင် ပြည့်ကျပ်ညပ်နေသော လူအုပ်ကြီးကို စူးစူးရဲရဲ ကြည့်လိုက်သည်။ ချန်လင်းလေလံအိမ်တော်က သူတို့၏ ဂုဏ်သတင်းဖြင့် ကျေနပ်ဖွယ်ရာ ဖြစ်နေသော်လည်း, သူတို့က ဒီနေရာမှာ အမူမဲ့ အမှတ်မဲ့ဖြင့် ဘောင်ခတ်ခံထားရသည်။ ဒီတစ်ကြိမ်, သူတို့၏ ဂုဏ်သတင်း ပျံ့နှံ့သွားခဲ့လျှင်, အဲဒီနောက်....

ဟဲချန်လီက ပိုပို တွေးလေ, ပိုပို စိတ်အားတက်ကြွလေ ဖြစ်လာသည်။

လေလံပစ်သူက စင်ပေါ်သို့ တက်လှမ်းလာသည်နှင့် လူအုပ်ကြီး၏ အော်ဟစ်အားပေးသံက ဆူညံပွက်လောရိုက်သွားသည်။ အော်ဟစ်အားပေးသံက ပြင်းထန်လွန်းသဖြင့် လေလံအိမ်တော်၏ အမိုးပင် ပွင့်မတတ် ဖြစ်သွားသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora