၈၆၇။ သားရဲမြို့တော်မှ ဧည့်သည်များ (၅)
ဖန်ယွီယန်က ဆေးဖက်ဝင်အထုပ်များကို ဖြည်၍ ဂရုတစိုက် စစ်ဆေးသည်။ သူ့ရှေ့မှာ ချထားသော ဆေးလုံးများကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးသည်။
ဘယ်လိုလဲ၊ သူတို့ ဆေးမှားတွေ ပေးမိကြသလား၊ ဆေးပေးမမှားရင်, ဘာလို့ ကျနော်တို့ရဲ့ သခင်မလေး အခုထိ သတိပြန်မရသေးတာလဲ ရှုံးဘက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ ဒီအခန်းထဲသို့ သူ ဝင်ရောက်လာချင်းချင်း, သမားတော်ကြီး လီက တခြားသမားတော်များနှင့် ထွေရာလေးပါး တသောသော စကားပြောနေတာကို မြင်ပြီးသည့်နောက်, ဒီသမားယောင်အုပ်စုကို သူ မယုံမကြည် ဖြစ်သွားခဲ့သည်။
သမားတော်ကြီး လီက စိတ်မထိန်းနိုင်တော့ဘဲ ပြန်လည် ချေပသည် ခန်းမသခင် ရှုံး... ဒီမှာ ရှိနေကြတဲ့ ကျုပ်တို့ အုပ်စုက ဆရာကြီး ဖန်လောက် ဆေးပညာအရည်အချင်း မရှိကြပေမဲ့, ကျုပ်တို့ ဂရုစိုက် ကုသပေးနေတုန်းပါဘဲ၊ ပြီးတော့ ကျုပ်တို့က တာဝန်ယူတာဝန်ခံနိုင်တဲ့ ဆေးပညာရှင်တွေပါ၊ မမလေးချူရဲ့ ထူးခြားတဲ့ နောက်ခံကြောင့် ကျုပ်တို့က မသင့်လျော်တဲ့ ဆေးတွေကို ပေးပြီး ဘယ်လိုလုပ် စွန့်စားရဲပါ့မလဲ။
ရှုံးဘက နှာခေါင်းရှုံ့ လှောင်ပြောင်လိုက်သည်။
ဖန်ယွီယန်က ခေါင်းခါ၍ ပြောသည် ခန်းမသခင် ရှုံးက အရမ်း စိုးရိမ်လွန်နေတာပဲ၊ ငါတို့ သခင်မလေးကို သူတို့ ပေးထားတဲ့ ဆေးတွေမှာ မသင့်လျော်တာ ဘာမှ မပါဝင်ပါဘူး၊ သူတို့ ငါတို့ သခင်မလေးကို အလွန် ဂရုတစိုက်နဲ့ ဆေးတွေ ပေးထားတယ်ဆိုတာ မြင်နိုင်ပါတယ်၊ သူတို့ ပေးထားတဲ့ ဆေးတွေက သက်ရောက်မှု ရှိပေမဲ့ နူးညံ့တယ်၊ ဒါပေမဲ့ ငါတို့ သခင်မလေးရဲ့ ဒဏ်ရာက အလွန်ပြင်းထန်ပြီး အရမ်းလည်း ရှုပ်ထွေးနေတယ်၊ ငါတို့ သခင်မလေးကို ဆေးပြင်းပြင်းတွေသာ ပေးလိုက်ရင် သခင်မလေးရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
ဖန်းယွီယန်၏ စကားများက သမားတော်ကြီး လီကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။ သူ့မျက်နှာ အမူအရာ အနည်းငယ် တိုးတက်ကောင်းမွန်လာသည်။