၃၈၇။ "စာရင်းသွင်းခြင်း - ၃"

593 50 0
                                    

၃၈၇။ စာရင်းသွင်းခြင်း - ၃

လူတိုင်းက သူမအား စူးစိုက်ကြည့်နေကြသော်လည်း ဂျန်ဝုရှီက နည်းနည်းလေးမျှ တုံ့ပြန်မှု မရှိချေ။ သူမရှေ့ရှိ အပြာရောင်ဝတ်စုံရှင်လူက အားနည်းသူမဟုတ် ဆိုတာကို သူမ ခံစားနိုင်သည်။ ထို့ပြင် လေညင်းကျောင်းတော်မှ တခြားလူများ၏ ထိုလူ့အပေါ် လေးစားလိုက်နာပုံကို ထောက်ဆလျှင်, ထိုလူ၏ အနေအထားက အတော်မြင့်မားသည်ဆိုတာကို သူမ ကျိန်းသေ သိသည်။

ဒီလို ထူးချွန်မှတော့ မင်းက တစ်ခါတည်း မဟာဌာနကို ဝင်ခွင့်ရလိမ့်မယ်။ အပြာရောင်ဝတ်စုံရှင်လူက ရယ်မော၍ ဖော်ရွေစွာ ပြောသည်။ ထို့ပြင် တိုက်ရိုက် မဟာဌာနသို့ ထည့်သွင်းပေးသည်။

သူ့စကားက လူငယ်များအား မနာလို ဖြစ်သွားစေသည်။

နှစ်စဉ် အလွန်နည်းပါးသည့် လျှောက်လွှာတင်သွင်းများသည်သာ မဟာဌာနသို့ တိုက်ရိုက် ဝင်ခွင့်ရကြသည်။ တခြားလူငယ်များက မနာလို ဖြစ်ကြသော်လည်း သူတို့၏ ဝိညာဉ်စွမ်းအားက လိမ္မော်ရောင်အဆင့်သို့ အောင်မြင်ပေါက်ရောက်မှု မရှိသေးတာကို သူတို့ သိကြသည်။ အပြာရောင်ဝတ်စုံရှင်လူက ထိုကောင်လေးအား မည်သည့် ဦးစားပေးဆက်ဆံမှုကိုမျှ အထူးတလည် ပေးသည်မဟုတ်ပေ။ ၁၄နှစ်မျှဖြင့် လိမ္မော်ရောင်အဆင့်သို့ ချိုးဖျက်တက်ရောက်သွားသူအနေဖြင့် မဟာဌာနသို့ တိုက်ရိုက်ဝင်ခွင့်ရခြင်းက မျှော်လင့်ထားပြီးသား အချက်တစ်ခုသာ ဖြစ်သည်။

ကျောင်းတော်ရှေ့ရှိ လူငယ်များကြားတွင်, အများစုက မနာလိုခြင်းသက်သက်သာ ဖြစ်သည်။ ကျောက်ချူတို့ကတော့ အပြာရောင်ဝတ်စုံရှင်၏ ဂျန်ဝုရှီအား မဟာဌာနသို့ တိုက်ရိုက်ဝင်ခွင့်ပေးခြင်းကို ကြားရလျှင် သွေးအန်လုမတတ် ဖြစ်သွားကြသည်။ ဌာနခွဲသို့ ဝင်ခွင့်ရပြီးသော သူတို့အတွက် မည်သို့ ဖြစ်သွားကြသနည်း။

သူတို့အတွက် စစ်ဆေးခြင်းက ပြီးဆုံးသွားပြီမို့ နောက်တစ်ခေါက် ပြန်လည် စစ်ဆေးပေးရန် သူတို့ မပြောနိုင်ကြတော့ပေ။

အပြာရောင်ဝတ်စုံရှင်လူက သူ့ရှေ့ရှိ ကောင်လေးက သူ့စကားကြောင့် ဘဝင်ခိုက်သွားလိမ့်မည်ဟူ၍ တွေးထင်ထားခဲ့သည်။ သို့သော် ထိုအစား အေးစက်စက် အမူအရာက ပြောင်းလဲမသွားတာကိုသာ အံ့ဩဖွယ်ရာ တွေ့မြင်ရသဖြင့် ဂျန်ဝုရှီကို တခြားသူများနှင့် မတူခြားနားစွာ မြင်မိသွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now