၄၈၀။ "အခွင့်အရေးသမား-၃"

557 36 0
                                    

၄၈၀။ အခွင့်အရေးသမား-၃

လိပ်ပြာသားရဲတောအုပ်က ချီတိုင်းပြည်၏ အစွန်းတစ်ဖက် နယ်ခြားအရပ်မှာ တည်ရှိသည်။ သို့သော် လောင်ချီတို့အဖွဲ့က တောအုပ်အတွင်းကို ကျကျနန မသိကြချေ။ သူတို့ တောအုပ်သို့ ဝင်ပြီးနောက် လမ်းပျောက်သွားကြသည်။ သားရဲဝိညာဉ်များက သူတို့ကို အကြိမ်များစွာ တိုက်ခိုက်ကြသည်။ လောင်ချီတို့အဖွဲ့၏ လမ်းခရီးကို သွေးခင်းသော လမ်းဟု ဆိုနိုင်သည်။

လင်းအိမ်တော်က ဝိညာဉ်ကျောက်တုံးများကို မလိုအပ်ပေ။ ချီတိုင်းပြည်အတွင်း မိုချင်းယွမ် နန်းတက်ပြီးနောက် သူက လင်းအိမ်တော်ကို အများကြီး ယုံကြည်စိတ်ချ၍ ရူလင်းစစ်တပ်အတွက် လိုအပ်ချက်များကို ထောက်ပံ့ပေးထားသည်။ ဒီခရီးစဉ်အတွင်းမှာ သူ ရရှိလာသော ဝိညာဉ်ကျောက်တုံးများကို ဂျန်ရှင်းယန်အား လွှဲပြောင်းပေးဖို့ သူ ရည်ရွယ်ထားသည်။ ဂျန်ရှင်းယန်က ၎င်းဝိညာဉ်ကျောက်တုံးများကို မည်သို့ လုပ်ချင်သနည်း၊ သူ့ဘာသာ ဆုံးဖြတ်ရမည် ဖြစ်သည်။

သို့သော် အခု လဝိညာဉ်ရေကန်၏ တည်ရာအရပ်ကို သိရဖို့ နင်ရှင်း၏ မသင့်တော်သော တောင်းဆိုချက်ကို သဘောတူပေးရုံမှ လွဲ၍ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။

ဗိုလ်ချုပ်လောင်, ကျနော်တို့ ခင်ဗျားကို အခက်တွေ့စေမိပြီ ရောင်းဟန်က ဟောဟဲလိုက်နေသည့် ကြားမှ ပြောသည်။ သူက အဖွဲ့ကို မှီအောင် မနည်းလိုက်နေရ၏။ သူက မုချန်နောက်သို့ လိုက်ကာ လင်းအိမ်တော်သို့ ရောက်လာခဲ့သည်။ သူက အခု ရူလင်းစစ်တပ်နှင့် ဆက်ဆံရေးကောင်းကို တည်ဆောက်ဖို့ စတင် လေ့လာသင်ယူနေရသည်။

တိမ်ထူတောင်ထွတ်မှ လာသော တပည့်များမှာ သန်မာသော ဝိညာဉ်စွမ်းအားများ မရှိကြချေ။ သူတို့ ကျွမ်းကျင်ပိုင်နိုင်သော ဆေးကုသခြင်း, အကြောပြင်ခြင်းမှ တပါး, သူတို့က သာမန်လူများနှင့် သိပ်မထူးခြားကြပေ။ လက်ရှိအခြေအနေကို တောအုပ်ကြီးအတွင်း အန္တရာယ်အရပ်ရပ်ကို ကျော်ဖြတ်ခြင်းဟု ခေါ်ဆိုရမည် ဖြစ်သည်။ ဒီအခြေအနေက သူတို့အတွက် အတော်လေးပင် ခက်ခဲကြမ်းတမ်းလှသည်။ လင်းအိမ်တော် သခင်ကြီးက တင်ကြိုတွက်ဆ၍ လောင်ချီကိုသာ ထည့်မပေးလိုက်ပါက, သူတို့ အခုဆို လဝိညာဉ်ရေကန်ကို မမြင်ခင် အရိုးပုံ ဖြစ်နေလောက်ကြပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now