၈၁၇။ မောင်းမဆောင်အတွင်း လျှို့ဝှက်ရှုပ်ထွေးမှု (၃)
လေ့ချန်နှင့် နောက်ထပ် အနည်းငယ် ဆွေးနွေးပြီးနောက် ဂျန်ဝုရှီတို့က အိမ်ရှေ့စံ၏ နန်းဆောင်မှ ပြန်လာခဲ့ကြသည်။ သူတို့ ပြန်လာကြစဉ်မှာ ဇာတ်ရည်လည်လာသော အဖြစ်အပျက်က သူတို့ စိတ်ထဲမှာ အပြည့်နေရာယူသွားကြလေ၏။
ထိုကိစ္စရပ်များက သူတို့အား တကယ်ပင် မျက်စိပွင့်သွားစေခဲ့သည်။ သူတို့ရှေ့မှာ ပေါ်ပေါက်လာသော နန်းတွင်းရေးအရှုပ်အထွေးများက နန်းတွင်းမိသားစု အတွင်း ရုန်းကန်လှုပ်ရှားနေရသည့် အခြေခံ အဖြစ်အပျက်မျှသာ ရှိသေးသည်။
အပေါ်ယံမှာ အံ့မခန်း ကြီးကျယ်ခမ်းနားတဲ့ တော်ဝင်မိသားစုရဲ့ နောက်ကွယ်မှာ ဒီလို အကောက်ကြံတာတွေ ရှိနေလိမ့်မယ်လို့ ငါ သတိမပြုမိခဲ့ဘူး၊ ဒီအဖြစ်အပျက်တွေကို ကြည့်လိုက်ရင် အရင်တုန်းက နင်ရူ လုပ်ခဲ့တဲ့ ဗရုက်သုက်ခတွေက မဖြစ်စလောက်လေးပဲလို့ ခံစားလိုက်ရတယ် ဖန်ဇိုက သူ့ကိုယ်သူ အထင်သေးစွာ ရယ်လိုက်သည်။ သူ ခေါင်းတခါခါ ဖြစ်နေသည်။ ရန်တိုင်းပြည်၏ မိဖုရားကြီးနှင့် နှိုင်းယှဉ်လိုက်လျှင်, နင်ရူ၏ အတွင်းကြိတ်ကြံစည်ခြင်းက ရိုးစင်းပြီး ရှုပ်ထွေးပွေလီခြင်းပင် မရှိပေ။
ဒါပေမဲ့ ထူးဆန်းနေတယ်လို့ ငါ ထင်နေဆဲ အရာ တစ်ခု ရှိတယ်။ ဖန်ဇိုက ရုတ်တရက် ဂျန်ဝုရှီကို လှည့်ကြည့်လိုက်သည်။
ဂျန်ဝုရှီက ဖန်ဇိုကို စကားတစ်ခွန်းမျှ မဟဘဲ လှည့်ကြည့်လိုက်သည်။
ရှီလေး ... မင်းက လေ့ချန်ကို ငါတို့နဲ့ မိတ်ဖွဲ့တာက လွဲလို့ တခြား ရွေးချယ်စရာ မရှိအောင် လုပ်လိုက်တာကို ငါ မြင်ပါတယ်၊ ဒါပေမဲ့ အရမ်း လျှို့ဝှက်ထားရမဲ့ ဒီအကြောင်းအရာတွေကို မချွင်းမချန် ငါတို့ကို သူ ထုတ်ဖော်ပြောတယ် ဆိုတာကတော့ လေ့ချန်အတွက် နမော်နမဲ့နိုင်လွန်းပြီး လွယ်ကူမနေဘူးလား၊ ဒီ့နောက်ကွယ်မှာ တခြား ရည်ရွယ်ချက်များ ရှိနေသေးလားလို့။ ဖန်ဇိုက သတိထားကာ မေးသည်။ လေ့ချန်က ကနေ့ လျှို့ဝှက်ချက်မှန်သမျှကို ပွင့်ပွင်းလင်းလင်းပင် သူတို့အား ထုတ်ဖော်ပြောပြခဲ့သည်။ သူ့ကိုယ်သူ ကိုယ်ရည်သွေးထားသော ကိစ္စရပ်များမှ တပါး အရာအားလုံးကို သူ ပြောပြခဲ့သည်။
