၇၃၈။ ရှစ်ခုမြောက် ရိုက်ချက် (၁၉)

450 47 0
                                    

၇၃၈။ ရှစ်ခုမြောက် ရိုက်ချက် (၁၉)

သူတို့ ဘယ်လိုလုပ် ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်များ ဖြစ်သွားကြသနည်း။

နင်ရူက သူ့မျက်လုံးများကို မယုံကြည်နိုင် ဖြစ်သွားသည်။ သို့သော် တောက်ပလင်းလက်သော ခရမ်းရောင်ဝိညာဉ်စွမ်းအားက ဖန်ဂျင်နှင့် ဖန်ဇို၏ ခန္ဓာကိုယ်များမှ တလက်လက်တောက်ပနေပြီး သူ့မျက်လုံးများကို ထိုအခိုက်မှာပင် စွဲထင်သွားစေသည်။

ခေါင်းဆောင်က ဂျန်ရှီနှင့် သူ့အပေါင်းအသင်းများ၏ ခန္ဓာကိုယ်များမှ ခရမ်းရောင်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာတာကို တွေ့မြင်ရလျှင် သူ့မျက်လုံးများက မယုံကြည်နိုင်ခြင်းဖြင့် ပြည့်နှက်သွားသည်။ ထိုလူငယ်များက အောက်ဘုံမှ ဆိုတာ အသိသာပင်။ မည်သို့နည်းဖြင့် သူတို့က သူတို့၏ ဝိညာဉ်စွမ်းအားကို ယာယီမြှင့်တင်နိုင်သော နည်းလမ်းကို တတ်ကျွမ်းနေကြသနည်း။

သို့သော်ငြား ဂျန်ရှီက ထိုလူအား စဉ်းစားချိန်ကို မပေးပေ။ သူမက ဖန်ဇိုနှင့် အတူတွဲ၍ သူတို့နှင့် နီးကပ်နေသော ညာဘက်လူသို့ ပြေးဝင် တိုက်ခိုက်သည်။ ဖန်ဂျင်က နောက်တစ်ယောက်ဆီသို့ ပြေးဝင်သွားသည်။ ခေါင်းဆောင်က တစ်ယောက်တည်းနှင့် ယဲ့ရှကို ရင်ဆိုင်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ခရမ်းရောင်ဝိညာဉ်စွမ်းအင်အလင်း ခြောက်ခုနှင့် အနက်ရောင်ဝိညာဉ်စွမ်းအားတို့က ရောနှောပေါင်းဆုံ သွားကြပြီး အသည်းအသန် တိုက်ခိုက်နေကြလေ၏။ သူတို့၏ တိုက်ပွဲမှ ထွက်လာသော ဝိညာဉ်စွမ်းအား လှိုင်းလုံးများက အစောပိုင်း ယဲ့ရှနှင့် ဂုယင်၏ တိုက်ပွဲထက် ပိုမို ပြင်းထန်သည်။

ဂျန်ဝုရှီအနေဖြင့် ခရမ်းရောင်ဝိညာဉ်စွမ်းအားသို့ မြှင့်ပြီးနောက် ပထမဆုံး တိုက်ပွဲဝင်ခြင်း ဖြစ်သည်။ သူမက အသစ်ပိုင်ဆိုင်ထားသော ဝိညာဉ်စွမ်းအားကို အမိအရ ဆုပ်ကိုင်၍ ထိန်းချုပ်နိုင်မှု မရှိသေးပေ။ ဖန်ဇိုက ကျန်းမာရေး ပြန်ကောင်းတာ မကြာသေးသဖြင့် အထွတ်အထိပ် အခြေအနေမှာ မရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက် ပေါင်းပြီး တစ်ယောက်တည်းနှင့် ရင်ဆိုင်နေရသော်လည်း သူတို့ ရန်သူကို အသာစီး ရအောင် မလုပ်နိုင်ပေ။ အချိန်ကြာလာလျှင် သူတို့အတွက် ရလဒ်ကောင်း ထွက်လာနိုင်မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora