၃၇၉။ "လေညင်းကျောင်းတော် -၃"

674 42 0
                                    

၃၇၉။ လေညင်းကျောင်းတော် -၃

ဒီနားပတ်လည်မှာတော့ တစ်နေရာရှိတယ်၊ ဒါပေမဲ့ ငါတို့ အရင်က တစ်ခါမှ မရောက်ဖူးဘူး ကျောက်ချူက ခေါင်းကုတ်၍ ပြောသည်။ သူတို့က အပေါင်ဆိုင်သို့ အ‌ရောက်အပေါက်များသော်လည်း လေလံဌာနကိုတော့... သူတို့ တစ်ခါမှ အတွေ့အကြုံမရှိကြချေ။

လိုအပ်နေတာက တစ်သန်းကျော်ဖြစ်သည်။ လွယ်လွယ်ဖြင့် ရှာဖွေလို့ ရမည့် ပမာဏမဟုတ်ပေ။ သူတို့က စက်တင်ဘာလနားကပ်မှ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။ လေညင်းကျောင်းတော်က ဝင်ခွင့်အတွက် သုံးရက်သာ ပေးထားသည်။ သူတို့ လွဲချော်သွားလျှင် နောက်တစ်နှစ် ထပ်စောင့်ရမည် ဖြစ်သည်။

လေညင်းကျောင်းတော်မှ လူများက စွမ်းရည်မြင့်သူများဖြစ်ကြသည်။ ‌ကျောက်ချူတို့သည်ပင် လက်လွတ်စပါယ် မလုပ်ရဲကြချေ။

သူတို့ငါးယောက်က ခေါင်းချင်းဆိုင်၍ ပိုက်ဆံလုံလောက်အောင် မည်သို့ လုပ်ရမည်ကို ဆွေးနွေးတိုင်ပင်နေစဉ်, တချို့လူငယ်များက သစ်ပင်ကို ဖြတ်ကျော်သွားစဉ်, သူတို့ ပြောဆိုနေတာကို ကြားရ၍ အထင်သေးသည့် လေသံဖြင့် တအံ့တဩ ကျယ်လောင်စွာ ပြောကြသည်။

မင်းတို့မှာ ပိုက်ဆံ မလောက်ရင်, မင်းတို့က လေညင်းကျောင်းတော်ကို လာဖို့တောင် မသင့်ဘူး၊ မင်းတို့က မဖြစ်စလောက် ဝင်ကြေးလေးကိုတောင် မပေးသွင်းနိုင်ကြလို့ ဈေးခေါ်ဖို့ လေလံဌာနကို လိုအပ်နေကြတာလား၊ မင်းတို့ကောင်တွေက ခြူးတစ်ပြားမျှ မရှိတဲ့ တောသားတွေပဲ၊ မင်းတို့ကို တဲ့တိုးပဲ ငါပြောပါရစေ, မင်းတို့ အနီးပတ်လည်က လေလံဌာနကို သွားချင်ရင်တောင်, အသုံးဝင်မှာ မဟုတ်ဘူး၊ ဒီအနီးအနားမှာ လေလံဌာနက တစ်ခုတည်းပဲ ရှိတယ်၊ ပြီးတော့ လေလံဖွင့်မှာက နောက်သုံးရက်ကြာမှ ဖြစ်လိမ့်မယ်၊ ဒီတော့ မင်းတို့ အခု အဲကို သွားရင်တောင် အကူအညီဖြစ်လာမှာ မဟုတ်ဘူး။ ရွှေနှင့် ကျောက်စိမ်းအဆင်တန်ဆာများချိတ်ဆွဲထားသော အဝတ်အစားများကို အပြည့်ဝတ်ဆင်ထားသည့် လူငယ်က ပြောသည်။ သူ့နောက်မှာ တချို့လူငယ်များ ကပ်ပါလာကြသည်။ တောက်ပြောင်စွာ ဝတ်ဆင်ထားသည့် လူငယ်က ပြောဆိုလျှင် သူတို့က ကျယ်ကျယ်လောင်လောင် လှောင်ပြောင်ကာ ရယ်ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now