၄၃၃။ "ခေါင်းမာသော လူ့အန္ဓ - ၁"

616 48 0
                                    

၄၃၃။ ခေါင်းမာသော လူ့အန္ဓ - ၁

ဖန်ဇို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ကြည့်ရင်း ဖန်ဂျင် အတွေးများဖြင့် ခေါင်းရှုပ်နေသည်။ ချင်းယန်ကလန်က ကွယ်ပျောက်သွားပြီး ဖန်ဇို၏ ကျန်းမာရေးက ပိုမို ဆိုးလာသည်။ အဖေက ထိပ်တန်း သမား‌တော်များကို ဒီအထိ ဖိတ်မံ ကုသပေးသော်လည်း ထူးခြားမလာခဲ့ပေ။ ဒီအတိုင်းသာ ဆက်သွားလျှင်.....

ဖန်ဂျင် လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။ ဖန်ဂျင်က စစ်ဆေးကြည့်ရှူလျှင် ဖန်ဇို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့မြင်၍ ချက်ချင်း ထရပ်ကာ လေညင်း‌ကျောင်းတော် ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဦးတည်သွားလေ၏။

ဖန်ဂျင်က တံခါး‌ရှေ့တွင် ရပ်၍ တံခါးခေါက်ရန် ဟန်ပြင်စဉ် အာ့ဂျင်အသံက အခန်းထဲမှ လျှံထွက်လာသည်။

ဆရာ ကျောင်းအုပ်ကြီး, ကျေးဇူးပြုပြီး သခင်လေးကို သွားကြည့်ပေးပါ၊ ဂျန်ရှီ သခင်လေးကို နှိပ်စက်နေတာ ကျနော်တို့ ဒီအတိုင်း ဆက်ကြည့်နေရင်, ကျနော် ကြောက်တယ် သူ.....

ဖန်ဂျင် ထိတ်ခနဲ ဖြစ်သွားပြီး တံခါးကို ဆောင့်ဖွင့်လိုက်သည်။

အာ့ဂျင်... ဒီလာပြီး မဟုတ်မဟပ်တွေ ပြောဖို့ မင်းကို ဘယ်သူ ခွင့်ပြုလို့လဲ ဖန်ဂျင်က မယုံကြည်နိုင်စွာ အာ့ဂျင်ကို ဒေါသတကြီးဖြင့် စူးစူးရဲရဲ ကြည့်လိုက်သည်။ အာ့ဂျင်က နီရဲနေသော မျက်လုံးများဖြင့် မျက်ရည်များ စိုရွှဲကာ ရုံးခန်းထဲမှာ ရပ်နေသည်။ အာ့ဂျင်က မန်မဲခံရပြီးနောက် ဒီလောက် အချိန်လေးအတွင်းမှာ သူ့ဖခင်ထံ တိုက်ရိုက်လာပြီး ပြောပြလိမ့်မည်ဟု သူ တကယ်ပင် ထင်မှတ်မထားမိပေ။

အကြီး... အကြီး သခင်လေး.... အာ့ဂျင်က ဖန်ဂျင်ကို ဒီနေရာမှာ တွေ့ရမည်ဟု မထင်မှတ်ထားပေ။ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

စားပွဲနောက်တွင် ထိုင်နေသော လူကြီးမှာ ဆံပင်ဖြူများ ဟိုတစ်စ သည်တစ် ပေါက်နေ၏။ သူ့မျက်နှာက သနားကြင်နာတတ်သော အသွင်ဖြစ်သည်။ တံခါးကို ဆောင့်ဖွင့်၍ ဝင်လာသော ဖန်ဂျင့်ကို သူ မြင်လျှင် အံ့အားသင့်ဟန် ပေါ်လာသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora