၂၅၃။ "ခရီးထွက်ခြင်း"

1K 97 0
                                    

၂၅၃။ “ခရီးထွက်ခြင်း”

သူမ၏ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ တခြားနည်းလမ်းမရှိတော့သည်မို့ ဂျန်ဝုရှီက တခြားအပင်များအပေါ် အာရုံပြောင်းလိုက်သည်။

သူမ၏ ဝိညာဉ်စွမ်းအားက ဆီနှင်းကြာပန်းကို စိုက်ပျိုးခြင်းမှ တဆင့် တိုးတက်လာခြင်း ဖြစ်သည်။ တခြားအပင်များကို စိုက်ပျိုးလျှင်လည်း နည်းတူ အကျိုးသက်ရောက်မှု ရှိနိုင်မည်လော။

သက်သေပြနိုင်ဖို့ ဂျန်ဝုရှီက အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပြီး လေ့လာလေ၏။ ဆယ်ရက်မျှလောက် အပင်ပေါင်းစုံကို စိုက်ပျိုးပြီးနောက် တချို့ရှားပါးမျိုးစိတ်များကသာ သူမအား ဝိညာဉ်စွမ်းအား အနည်းငယ် ပေးစွမ်းနိုင်တာကို တွေ့ရှိရသည်။ ဆီးနှင်းကြာပန်းနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။

သို့သော် မပြောပလောက်သော စွမ်းအားက ဘာမျှ မရှိတာထက် စာလျှင် ကောင်းနေ၏။

နောက်လ ဆယ့်ငါးရက်မြောက်နေ့ ရောက်ရန် ၁၇ရက်မျှသာ ကျန်တော့သည့် နေ့တွင် ဂျန်ဝုရှီက ဂျန်ရှင်းယန်နှင့် ဂျန်ချင်းကို နှုတ်ဆက်၍ မြင်းဆွဲရထားလုံးပေါ်သို့ တက်ကာ ချင်းယန်ကလန်တောင်ထွတ်များဆီသို့ ဦးတည်လိုက်သည်။ သူမ ထွက်ခွာတာကို ကြည့်ဖို့ သက်သာနေပြီ ဖြစ်သည့် မိုချင်းယွမ်က မြို့တော် ဂိတ်တံခါးသို့ လာရောက်ကာ ဂျန်မိသားစုများ နည်းတူ ဝမ်းနည်းကြေကွဲစွာ ဂျန်ဝုရှီကို မြို့အထွက်လမ်းအထိ လိုက်လံ ပို့ဆောင်သည်။

ခွဲခွာရပြီးနောက် သူမကို ဘယ်တော့ ပြန်တွေ့ရမလဲ သူ မသိပေ။ မိုချင်းယွမ်က အထီးကျန်စွာ တဖြည်းဖြည်း တလှုပ်လှုပ်ဖြင့် ထွက်ခွာသွားသော မြင်းဆွဲ ရထားလုံးကို သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။

ရထားလုံးထဲတွင် နူးညံ့သိမ်မွေ့ပြီး လှပသည့် မိန်းမငယ်လေးတစ်ယောက်သာ ထိုင်နေသည်။ သူမလက်မောင်းကြားမှာ ကျိုးနွံသိမ်မွေ့သည့် ကြောင်နက်လေး ရှိသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ