၆၄၁။ ဝိညာဉ်စွမ်းအားမြှင့် (၃)

484 36 0
                                    

၆၄၁။ ဝိညာဉ်စွမ်းအားမြှင့် (၃)

ဖန်ဇို ပြောတာကို ကြားပြီးနောက် ဂျန်ဝုရှီ သူမအအကြံအစည်ကို စွန့်လွှတ်လိုက်သည်။ ၎င်းရှေးဟောင်းအက္ခရာများက ဟွာယောင်း၏ လက်စွပ်ပေါ်တွင် ရေးထွင်းထားသော ပုံစံကွက်များနှင့် ဆင်တူလျှင် သူတို့၏ ဝိညာဉ်လက်စွပ်များအား ကြီးမားသော စွမ်းအားကို ယူဆောင်လာနိုင်လိမ့်မည်။

ကံမကောင်းတာက ၎င်းစာလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူတို့ သိတာ ဘာမျှ မရှိချေ။ ၎င်းအက္ခရာများကို ကောင်းကောင်းမွန်မွန် အသုံးချမည့် နည်းလမ်း သူတို့မှာ မရှိချေ။

ကြီးကျယ်ခမ်းနားသော စွမ်းအားများ ပါဝင်နေပါလျက် သူတို့ မျက်စိရှေ့မှာတင် အဖိုးမဖြတ်နိုင်သော အခွင့်အရေးကို စွန့်လွှတ်ပစ်ရတော့မည်လော။

ဂျန်ဝုရှီ၏ မျက်လုံးများက အတွေးများကြောင့် ကျဉ်းမြောင်းနေသည်။ သူမ ရုတ်တရက် ဖန်ဇိုကို လှည့်ကြည့်သည်။

ဝိညာဉ်လက်စွပ် ဖန်တီးပုံကို ငါ့ သင်ပေးပါလား။

ရုတ်တရက် သူမ၏ တောင်းဆိုချက်ကြောင့် ဖန်ဇို လှုပ်လှုပ်ရှားရှားဖြင့် အံ့အားသင့်သွားသည်။

မင်း ကြိုးစားကြည့်ချင်တာလား။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။

ဖန်ဇို သက်ပြင်းချ၍ ပြောသည် မင်း တကယ် စိတ်ဝင်စားရင်, ငါတို့ ချောက်နက်ထဲကနေ ပြန်လာတဲ့ အချိန်, မင်းကို သင်ပေးမယ်, အဆင်ပြေလား။

အဆင်ပြေတယ်။

ဖန်ဇိုနှင့် သဘောတူညီချက် လုပ်ဆောင်ပြီးနောက် ဂျန်ဝုရှီက ၎င်းရှေးဟောင်းအက္ခရာများအကြောင်းကို နောက်ထပ် မပြောတော့ပေ။ သို့သော် တစ်ဖက်မှာ ထိုင်နေပြီး သူမရေးခြစ်ထားသော စာလုံးများကို တစ်လုံးချင်းစီ စေ့စေ့စပ်စပ် လေ့လာ သုံးသပ်နေသည်။

တစ်ဖက်မှာတော့ ဖန်ဇိုက တခြားသူများအတွက် ဝိညာဉ်လက်စွပ်များကို ဆက်လက် ဖန်တီးပေးနေသည်။

နေ့အလင်းရောင် မှိန်ကျသွားပြီး ကုန်းမြေတစ်ခွင်သို့ ညအမှောင် ယှက်သန်းလာသည်။ ကျောက်ချူနှင့် မုကွိုင်ဖန်က လိုအပ်ရာရာ ပစ္စည်းများ ထည့်ထားသော အိတ်ကြီးအိတ်အိတ်ငယ်ဖြင့် ပြန်လာသည်။ သူတို့က ၎င်းပစ္စည်းများကို သေချာ သိမ်းဆည်းပြီးနောက် ကျောက်ချူက ဖန်ဇိုကို ကြည့်ဖို့ အမြန် ပြေးသွားသည်။ ဖန်ဇို၏ လက်စွပ် ဖန်တီးနေခြင်းကို သွားကြည့်ခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now