၃၂၈။ "ခြိမ်းခြောက်ခြင်း - ၄"

733 52 0
                                    

၃၂၈။ “ခြိမ်းခြောက်ခြင်း - ၄”

ချင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများက အေးစက်စက် ဖြစ်သွားကြသည်။

“ဒါပေါ့”

ကနေ့ အဖြစ်အပျက်များက သွေးလျှံကျမှ ဖိနှိပ်နိုင်မည် ဖြစ်သည်။ ဂျန်ရှီ၏ စကားများက ချင်ယွဲ့နှင့် ခဲချန်ဂျုကြားရှိ လျှို့ဝှက်ချက်ကို လူတကာမြင်အောင် ဖွင့်ပြထားသည့် စာအုပ်လို ဖြစ်နေသည်။ ချင်ယွဲ့က သူ့ဩဇာအာဏာကို တည်မြဲအောင် လုပ်မပြလျှင်, တခြားအကြီးအကဲများက သူ့အားနည်းချက်ကို ကိုင်လှုပ်ပစ်နိုင်သည်။

တိမ်ဖုံးတောင်ထွတ်၏ တပည့်နှစ်ယောက်ကိုသာ သွေးထွက်အောင် လုပ်ပေးလိုက်လျှင်, သူ့ရှေ့မှ ဗရုတ်သုက်ခအခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်မည် ဖြစ်သည်။

အရင်ဆုံး ဒီတပည့်နှစ်ယောက်ကို အပြစ်ပေးလိုက်ခြင်းက ခဲချန်ဂျုအား သူက မည်သည့်အခွင့်အရေးကိုမျှ မပေးဟူ၍ ပြသရာရောက်မည် ဖြစ်သည်။ သို့မဟုတ် လျော်ကြေးတောင်းလိုက်တာကို ပြသရာရောက်မည် ဖြစ်သည်။ ခဲချန်ဂျု ကာကွယ်မှုအောက်မှာ ရှိနေသည့် တပည့်နှစ်ယောက်ကိုပင် အမှားကျူးလွန်လာ သည့်အခါ သတ်ဖြစ်ပစ်လိုက်သဖြင့် တခြားတောင်ထွတ်များရှိ တပည့်များ၏ သေဆုံးသွားခြင်းအတွက် တခြားအကြီးအကဲများကိုလည်း နှစ်သိမ့်ပေးလိုက်ရာ ရောက်မှာ ဖြစ်ပြီး သူ့ဩဇာအာဏာကိုလည်း သေချာ ထိန်းသိမ်းနိုင်မှာ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့်...... ဒီလူစုတ်နှစ်ကောင်က..... တစ်ကောင်က ပါးစပ်ဖွာပြီး နောက်တစ်ကောင်က သူ့တပည့်များကို တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ဒါက အဓိပတိဖြစ်သည့် သူ့ ဩဇာအာဏာကို စိန်ခေါ်လိုက်တာဖြစ်ပြီး သူတို့ကို မသတ်ဘဲ ထားလျှင်, အဓိပတိဆိုသည့် အနေအထားက ကနေ့ လျောကျ ပျက်စီးသွားမည် ဖြစ်သည်။

ထို့ပြင် တတိယအချက်လည်း ရှိသေးသည်....

ပါရမီရှင်သမားတော်(၂)حيث تعيش القصص. اكتشف الآن