၈၄၇။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၃)

335 38 0
                                    

၈၄၇။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော်(၃)

စစ်တံခွန်ကျောင်းတော် တည်းခိုနေထိုင်သည့် တည်းခိုအိမ်က ဒီရက်များမှာ အတော်လေး လူရှုပ်နေလေသည်။ အကြောင်းက ချူလင်းယွဲ့က အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရန်တိုင်းပြည် ဘုရင်ကြီးက သူမအား ကုသရန် နေပြည်တော်ရှိ သမားတော်များကို ပို့လွှတ်ထားသောကြောင့် ဖြစ်သည်။

သို့သော် အယောက်နှစ်ဆယ်ကျော် သမားတော်များက တစ်ညလုံး ကုသပေးသော်လည်း ချူလင်းယွဲ့၏ အခြေအနေကို တိုးတက်အောင် လုပ်နိုင်စွမ်း မရှိခဲ့ကြချေ။ ထိုအခိုက်မှာ သမားတော်များ လုပ်နိုင်တာက ချူလင်းယွဲ့၏ အသက်ကို ဆွဲဆန့်နိုင်သည့် နည်းလမ်းကို အသုံးပြုထားရုံသာ ဖြစ်သည်။

တည်းခိုအိမ်အတွင်းမှာ ဖူရွှမ်က ချူလင်းယွဲ့၏ တံခါးပေါက်ရှေ့တွင် ရပ်နေကြသော လူအိုကြီးအုပ်စုကို ကြည့်လျက် မျက်မှောင်ကြုတ်နေသည်။ ထိုလူအိုကြီးများက ကုသပုံနည်းလမ်းကို အပြင်းအထန် ဆွေးနွေးနေကြသည်။

အမကြီး ဖူ... လင်းယွဲ့.... သူမ ပြန်ကောင်းလာမှာ, ဟုတ်တယ်မို့လား ချောမောသော လူငယ်တစ်ယောက်က မေးလိုက်သည်။ သူက စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် ချူလင်းယွဲ့၏ အခန်းတံခါးကို ကြည့်နေသည်။

ငါ မသိဘူး ဖူရွှမ်က ခေါင်းယမ်းလျက် ပြောသည်။

ထိုလူငယ်က အသက်ပြင်းပြင်း ရှူသွင်း၍ ဒေါသတကြီး ပြောလာသည် ဒီလို ဖြစ်ရတာ လေညင်းကျောင်းတော်က အဲကောင် ဂျန်ရှီကြောင့်ပဲ၊ လိပ်ပြာတိုက်ပွဲရဲ့ အလေ့အထက ပြိုင်ဘက်ကို နှိမ်နင်းရုံလောက်ပဲ၊ ဘာလို့ သူက ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာလဲ၊ သူက အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင် ဖြစ်တော့ရော ဘာဖြစ်လဲ၊ ဒါက သူ စည်းကမ်းချိုးဖောက်ပြီး နိုင်လိုမင်းထက် လုပ်ခဲ့တာပဲ မို့လား၊ ချူလင်းယွဲ့သာ တစ်ခုခု ဖြစ်သွားခဲ့ရင်, ငါ သူ့ကို ဘယ်တော့မှ အလွတ်မပေးဘူး လူငယ်၏ မျက်လုံးများက အမုန်းမီးဖြင့် တောက်လောင်နေ၏။

ဖူရွှမ်၏ မျက်နှာ တောင့်တင်းသွားသည်။ သူမက ပြေရာပြေကြောင်းအနေဖြင့် ပြောလိုက်သည် ချူလင်းယွဲ့ကို ကုသနေတာက အခုအချိန်မှာ အဓိကအချက်ပဲ၊ တခြားအရာတွေ စဉ်းစားမနေနဲ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now