၇၄၅။ နောက်ဆက်တွဲ (၁)

422 41 0
                                    

၇၄၅။ နောက်ဆက်တွဲ (၁)

အကိုဟွာရဲ့ အခု ပုံစံက အရမ်း အံ့ဩဖို့ ကောင်းတယ်၊ သူက ဖန်ဂျင်နဲ့ တစ်ထပ်တည်း တူတာ ကျောက်ချူက ဟွာယောင်းကို ဂျန်ဝုရှီအနီးသို့ ဆွဲခေါ်၍ ပြောသည်။ သူက ဂျန်ဝုယောင်း၏ မျက်နှာမှ အပြုံးများ တွန့်ကြေသွား၍ အနည်းငယ် ပြောင်းလဲသွားတာကို လုံးလုံး သတိမပြုမိပေ။ သူ့အတွက် အနည်းငယ် ကြေကွဲ၍ တိတ်ဆိတ်စွာ ဘေးတစ်ဖက်တွင် ရပ်နေသည့် ယဲ့ရှနှင့် ယဲ့မေ့ကိုပင် သူ မမြင်နိုင်အောင် ဖြစ်နေသည်။

လေညင်းကျောင်းတော်တွင် ကနေ့ အစောပိုင်း ထွက်ပေါ်လာသည့် ဖန်ဂျင်က ရုပ်ဖျက်ထားသည့် ဟွာယောင်း ဖြစ်သည်။ အစစ်အမှန် ဖန်ဂျင်က တည်းခိုခန်း အိပ်ရာပေါ်မှာသာ ရှိသေးသည်။ သူ့ကို ဝမ်ရှင်းဟန်က စောင့်ရှောက်ထားသည်။

နင်ရူကို အပြည့်အဝ ဖျစ်ညှစ်ဖို့ ဖန်ဂျင်နှင့် ဖန်ဇို နှစ်ယောက်လုံး တစ်ပြိုင်နက် ပေါ်‌ပေါက်လာဖို့ လိုအပ်သည်။ ထို့ကြောင့်ပင် ဂျန်ဝုရှီက ဟွာယောင်းကို ချန်လင်းမြို့သို့ လာတွေ့ရန် မှာကြားလိုက်ခြင်း ဖြစ်သည်။

ဟွာယောင်းက အရိုးများ ပြောင်းရာမှာ အလွန်အဆင့်အတန်းမြင့်သော အရည်အချင်း ရှိသည်။ ဂျန်ဝုရှီ၏ အကူအညီဖြင့်ဆိုလျှင် သူက မည်သူ့ပုံစံမဆို အလွယ်တကူ ပြောင်းနိုင်သည်။ မည်သည့် ချွတ်ယွင်းချက်ကိုမျှ ရှာတွေ့မည် မဟုတ်ပေ။

နင်ရူက သူ့ရှေ့တည့်တည့်မှာ ထွက်ပေါ်လာသူက တကယ်တော့ အတုအယောင်ဆိုတာကို သူ အိပ်မက်ပင် မက်ဖူးမည် မဟုတ်ပေ။

ကျောက်ချူက လှောင်ပြုံးပြုံးလိုက်သည်။ သူက အလွန်အမင်း အားရကျေနပ်နေပြီး ပန်းထွင်းသစ်သားသေတ္တာလေးကို ထုတ်၍ ဖွင့်ပြီး လူ့အရည်ပြားဖြင့် လုပ်ထားသော မြေပုံကို ထုတ်ယူလိုက်သည်။

ဂျန်ဝုရှီက သူမလက်လေးများကို ဂျန်ဝုယောင်း လက်မှ အလိုလို ဆွဲထုတ်၍ မြေပုံကို လက်လှမ်းယူ၍ စေ့စပ်သေချာစွာ ကြည့်ရှုလိုက်သည်။

ဂျန်ဝုယောင်း မျက်ခုံးပင့်သွားသည်။ သူက ဂျန်ဝုရှီအပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားသည်။ သူက ဖြည်းဖြည်းချင်း ကျောက်ချူသို့ အကြည့် ရွှေ့လိုက်သည်။ ကျောက်ချူက ပျော်ပျော်ရွှင်ရွှင်ဖြင့် တစ်ချိန်လုံး ပြုံးနေသည်။ သို့သော် ဂျန်ဝုယောင်း၏ မျက်လုံးများ သူ့အပေါ်သို့ အကြည့်ရောက်လာလျှင်, မည်သို့မှန်း မသိလိုက်ဘဲ, သူ့ကျောပြင်နှင့် လည်ဂုတ်က အေးစိမ့်တက်သွားသည်။ သူက ခါးကို ယို့၍ ပခုံးကို တွန့်မိသွားသည်။ ထို့နောက် သူက ဂျန်ဝုယောင်း၏ ပြုံးဖြီးဖြီး မျက်နှာကို မျက်လုံးပြူး၍ ကြည့်မိသွားသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora