၃၂၁။ "သိုးငယ်က သားရဲဖြစ်လာခြင်း - ၅"

867 64 0
                                    

၃၂၁။ “သိုးငယ်က သားရဲဖြစ်လာခြင်း - ၅”

တိမ်လှေခါးတောင်ထွတ် တပည့်များကိုသာ မက, ချင်းယန်ကလန်၏ အပြင်စည်းတပည့်များကိုပါ လွှတ်ပေးမည် ဖြစ်သည်။ အပြင်စည်းတပည့်များက ချင်းယန်ကလန်နှင့် တကယ် သက်ဆိုင်သူများ မဟုတ်ကြပေ။ သူတို့လို အပြစ်ကင်းသူများကို ထိခိုက်နစ်နာအောင် လုပ်စရာ မလိုအပ်ပေ။

“ပရိသတ်အနေနဲ့ ခံစားကြည့်ရုံပဲလား” မုချန်က အံ့အားသင့်သွားသည်။

ဂျန်ဝုရှီက ရှင်းပြသည် “ဒီကာလအတွင်းမှာ ခဲချန်ဂျုက ပေါ်ပေါ်လွင်လွင်ပဲ ချင်ယွဲ့ သူ့ကို ပေးအပ်ထားတဲ့ ဩဇာအာဏာကို ကြွားလုံးထုတ်ပြီး တခြားအကြီးအကဲတွေကို အပြည့်အဝ စော်ကားထားခဲ့တယ်၊ ချင်ယွဲ့က ခဲချန်ဂျုလုပ်သမျှရဲ့ အကာအကွယ်ပဲ၊ တခြားအကြီးအကဲတွေက ထိတ်လန့်တုန်လှုပ်နေခဲ့ကြတယ်၊ ဒီအချိန်မှာသာ ကွယ်လွန်သွားခဲ့တဲ့ အရင်အဓိပတိရဲ့ သားက ရှေ့ထွက်လာခဲ့ရင်, အဲအကြီးအကဲတွေ အကုန်လုံး ခင်ဗျားနောက်ကို ခုန်ကူးလာကြမှာ သေချာတယ်၊ ချင်းယန်ကလန်ရဲ့ ဖရိုဖရဲ အခြေအနေကို ဖယ်ရှားပစ်ဖို့ပေါ့၊ အဲအချိန်ကျရင်, ချင်းယန်ကလန်က ပြန်လည် ထူထောင်လာလိမ့်မယ်။”

“မင်းက ဘယ်လို လုပ်မလို့လဲ” မုချန်က ပိုကြားရလေ ပိုတုန်လှုပ်လေ ဖြစ်လာသည်။ သည်လူငယ်သုံးယောက်က ချင်းယန်ကလန်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်အောင် တစ်ကိုယ်တော် လှုပ်ရှားနေကြသူများဟူ၍ မုချန်က သဘောပေါက်သွားသည်။ သူသာ မမှားရင်, သူတို့ သုံးယောက်ထဲမှာ ဆုံးဖြတ်ချက် ချမှတ်သူက အငယ်ဆုံးဖြစ်သည့် ဂျန်ရှီသာ ဖြစ်လိမ့်မည်။

သူက ဒီလို ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဒီလို ကြောက်စရာ အကွက်ချမှတ်ကို လုပ်ဆောင်နိုင်စွမ်းရှိနေသည်။ ဂျန်ရှီက ဘယ်လို ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့သလဲလို့ မုချန်က စဉ်းစားမရ ဖြစ်နေသည်။

ထို့ပြင် ကုန်းမြေတစ်ခုလုံးတွင် ထိပ်တန်းအင်အားစုဖြစ်သည့် ချင်းယန်ကလန်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဂျန်မိသားစုက မည်မျှလောက် အင်အားကြီးနေသလဲ သူ သိချင်မိသွားသည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang