၄၇၆။ အငြိုးသိုသော အမျိုးသမီး-၃
ဖန်ဂျင်က ဂျန်ဝုရှီနှင့် ဆွေးနွေးနေချိန်မှာ ထောင်ချောက်ကျအောင် ဖြားယောင်းခဲ့သော ကျောင်းသားက နောက်တစ်နေရာသို့ အလျင်အမြန် ဆုတ်ခွာသွားသည်။
ထူထပ်သော တောအုပ်တစ်နေရာတွင် လေညင်းကျောင်းတော်၏ အဖွဲ့တစ်ခုက အလယ်အဆင့် လိပ်ပြာသားရဲများကို အောင်အောင်မြင်မြင် အမဲလိုက်နေသည်။ အရွယ်အစားကြီးသော လိပ်ပြာသားရဲတစ်ကောင်၏ သက်မဲ့ကိုယ်က မြေပြင်တွင် လဲကျနေ၏။ အရပ်ရှည်ရှည် လူငယ်က ၎င်းသားရဲ၏ ဦးခေါင်းအတွင်းမှ ဝိညာဉ်ကျောက်တုံးကို တူးထုတ်နေသည်။
မိန်းမလှလေး တစ်ယောက်က အုပ်စု၏ အစွန်အဖျားတွင် ရပ်၍ သွေးထွက်သံယို မြင်ကွင်းကို ကြည့်လျက် မျက်နှာက ရှုံ့မဲ့နေသည်။ သူမနှာခေါင်းကို အင်္ကျီလက်စဖြင့် ဖုံးထားသည်။
အမကြီး နင်, နင့်အတွက် ရေ။ ယင်ယန်က သူမဘေးမှာ ရပ်၍ သူ့လက်ထဲရှိ ရေအိတ်ကို နင်ရှင်းအား ကမ်းပေးသည်။ သူ့မျက်လုံးများက ချစ်ခင်ခြင်း မြတ်နိုးခြင်း အပြည့်ဖြစ်နေ၏။
နင်ရှင်းက ယင်ယန်ကို ကြည့်၍ ခေါင်းယမ်းပြကာ တခြားတစ်နေရာသို့ အကြည့်လွှဲလိုက်သည်။
ရုတ်တရက် လူတစ်ယောက် နီးကပ်လာတာကို သူမ မြင်လိုက်သည်။ သူမက အကြည့်ဖြင့် ယင်ယန်ကို ညွှန်ပြသည်။ ယင်ယန်က ချက်ချင်း သဘောပေါက်သည်။ ယင်ယန်က နီးကပ်လာသော ထိုလူငယ်ထံ မသိမသာထွက်၍ တွေ့သည်။
နင်ရှင်းက မသိမသာဖြင့် သူမနေရာကို ပြောင်းလိုက်သည်။ ၎င်းနေရာမှာ ယင်ယန်၏ ထိုလူငယ်နှင့် တုံ့ပြန်ပြောဆိုနေပုံကို သေချာ မြင်ရသည်။ သူမက တိတ်ဆိတ်စွာ အကဲခတ်နေသည်။ သူမ မျက်နှာက လုံးဝ တည်ငြိမ်နေ၏။ သို့သော် သူမစိတ်တွင်းရှိ စိုးရိမ်ကြောင့်ကြစိတ် ဖြစ်လာတာကိုတော့ သူမ မျက်လုံးများက သစ္စာဖောက်ပြသွားသည်။
ခဏအကြာတွင် ယင်ယန် သူမဆီ ပြန်လာသည်။
ဘယ်လိုလဲ နင်ရှင်းက တည်ငြိမ်ဟန်ကို ပြန်လုပ်ယူ၍ အရေးမစိုက်ဟန်ဖြင့် မေးသည်။
ဖန်ဂျင်ကို ဖြားယောင်းလိုက်တာ အောင်မြင်သွားတယ်၊ ဒါက ပြဿနာမရှိလောက်ဘူး၊ ငါတို့ အန္တရာယ်အချက်ပြမီး လွှင့်တင်တာကို မတွေ့ကြရဘူး, ဆိုတော့ သူတို့အကုန်လုံးကို ဂရုစိုက်နိုင်တယ်လို့ ငါ ထင်တယ်။ ယင်ယန်က ခေါင်းငုံ့၍ ပြောသည်။ သူ့မျက်နှာရှိ မဟာအပြုံးကို သူ အသည်းအသန် ဖုံးကွယ်ဖို့ ကြိုးစားလိုက်ရသည်။