၅၇၀။ သတ်ဖြတ်သူ လူငယ် - ၂
လူအနည်းငယ် တစ်အုပ်စုက ဒုတိယထပ်သို့ ဒေါသတကြီး တက်သွား၍ ထိုလူငယ်ရှိသော သီးသန့်အခန်းတံခါးကို ကန်ဖွင့်၍ အထဲသို့ ဝင်သွားသည်။ သူတို့က ဒေါသသံဖြင့် ပြောသည် ကောင်စုတ်လေး, မင်းက ဒီမှာ အရမ်း မာန်တက်နေတယ်ပေါ့, ဆောင်းခိုဆေးလုံး ငါးလုံးကြီးများတောင်, မင်းက တစ်ယောက်တည်း မောင်ပိုင်စီးသွားတယ်ပေါ့။
ထိုလူငယ်က ထိုလူအုပ်စုကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။ တခြား လူသုံးယောက်က အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေကြသည်။ ယောင်လို့ပင် လှည့်မကြည့်ကြချေ။
ငါ တတ်နိုင်လို့ပေါ့၊ အဲဆေးလုံးတွေအတွက် လေလံဆွဲရတာ ပျော်စရာလည်း အကောင်းသား၊ မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့၊ မင်းတို့ အဲလောက် လိုချင်နေရင်, မင်းတို့ ပိုက်ဆံတွေနဲ့ လေလံဆွဲကြပေါ့၊ မင်းတို့ ငါ့စကားကို မှတ်ထားကြ၊ မင်းတို့ တစ်သန်းထက် ပိုပြီး လေလံဆွဲနိုင်ရင်, တစ်ပြားလေးပဲ ပိုပို, အဲဒါဆို ငါ လေလံထပ်ဆွဲမှာ မဟုတ်ဘူး။ လူငယ်က လက်ပိုက်၍ ပြောသည်။ သူက ထိုကျူးကျော်ဝင်ရောက်လာသူများကို စိန်ခေါ်နေဟန်ပင်။
မင်းမှာ ပိုက်ဆံပေါလို့ မင်းကိုယ်ကို ကြီးကျယ်တယ်လို့ ထင်နေတာလား ထိုလူများ သင့်တော်သော စကား ပြောစရာမရှိသဖြင့် ဒေါသအလိပ်လိုက် တက်လာကြသည်။ သူတို့ ဒေါသထွက်လွန်းသဖြင့် လက်သီး ကျစ်ကျစ် ဆုပ်ထားကြသည်။ တစ်သန်းတောင်, သူတို့မှာ မည်သို့ ၎င်းငွေပမာဏ ရှိနိုင်အံ့နည်း။ အင်အားစုအသီးသီးမှ လာရောက်ကြသူများမှာ သိန်းအနည်းငယ်သာ ပါရှိကြသည်။ ထိုလူငယ်ထက် ပိုမို၍ လေလံပေး၍ မည်သူ ဆွဲနိုင်မည်နည်း။
အရမ်း အကျင့်မယုတ်ပါဘူး၊ အနည်းဆုံးတော့ တချို့လူတွေက လေလံကြေး ပိုမပေးနိုင်တော့ ဒေါသတကြီးနဲ့ အနိုင်ကျင့်တတ်ကြတယ်၊ သူတို့နဲ့ နှိုင်းစာလိုက်ရင်တော့ ငါက နည်းနည်း ပိုကောင်းသား လူငယ်က လှောင်ပြောင်လျက် ပြောသည်။ သူ့လေသံက အကြီးကြီး မာန်တက်နေဟန် ဖြစ်နေသည်။
ထိုခဏတွင် အားကောင်းမောင်းသန် ထိုလူစုက ထိုလူငယ်၏ အထင်အမြင်သေးသော စကားကြောင့် ရုတ်တရက် ဒေါသကြီးသွားကြသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)