၆၅၈။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၂)

411 41 0
                                    

၆၅၈။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၂)

ယဲ့ရှနှင့် ယဲ့မေ့ နှစ်ယောက်လုံး ရူးသွပ်လုလု ဖြစ်သွားကြသည်။ ဒီလို ချောက်စုတ်ထဲမှာ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို တည်ဆောက်ထားသည့် သတင်းက မည်သည့်နေရာမှ ထွက်ပေါ်လာရသနည်း။

သခင်မလေး... အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူရှိတယ်ဆိုတဲ့ အကြောင်းကို သခင်မလေး ဘယ်ကနေ ကြားရတာလဲ ယဲ့ရှက အလွန်သတိထားကာ မေးသည်။

ဒီအကြောင်းက အလယ်ဘုံမှာ လူသိများတဲ့ အကြောင်းပဲလေ၊ အမှောင်ဘုရင်ကြီးက နတ်ရွာစံသွားတာ ကြာပြီလေ၊ အမှောင်နိုင်ငံက လူတွေက အုတ်ဂူကို တည်ဆောက်ထားခဲ့ကြတာ၊ တည်နေရာက အမြဲတမ်း လျှို့ဝှက်ချက် ဖြစ်နေပြီး ရတနာတွေနဲ့ မှော်ဝင်ပစ္စည်းတွေ အကုန်လုံးကို အမှောင်ဘုရင်ကြီးနဲ့ အတူတူ အမှောင်နိုင်ငံသားတွေက မြှုပ်နှံပေးခဲ့တယ်၊ အဲအချက်က နန်းတော်ဆယ့်နှစ်ခုကို အကြီးအကျယ် မွှေနှောက်ခဲ့တာ၊ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူကို မရပ်မနား ရှာဖွေဖို့ နန်းတော်ဆယ့်နှစ်ခုက သူ့လူတွေကို အဆက်မပြတ် အောက်ဘုံကို စေလွှတ်ခဲ့ကြတယ် ဂျန်ဝုရှီက ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ အရည်အချင်းမရှိမှန်း သိသဖြင့် ကျောက်ချူက အရာအားလုံးကို သေသေချာချာ ရှင်းပြသည်။

ယဲ့ရှနှင့် ယဲ့မေ့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အထူးသဖြင့် အမှောင်ဘုရင်ကြီး နတ်ရွာစံဟူသော စကားလုံးကို ကြားရချိန်မှာ ဖြစ်သည်။ သူတို့ မျက်လုံးများ ဒေါသငွေ့များ ပြည့်နှက်သွားကြသည်။

သို့သော် နန်းတော်ဆယ့်နှစ်ခု ပါဝင်ပတ်သက်နေကြောင်း ကြားရချိန်မှာ သူတို့ ဒေါသများ ပိုမို ပြင်းထန်သွားကြလေ၏။

အမှောင်ဘုရင်ကြီး.... အဟမ်း.... ဒီသတင်းကို ဘယ်သူ ဖြန့်တာလဲ ယဲ့ရှက သူ့သခင်ကြီး၏ အဆင့်အတန်းပြစကားနှင့် တွဲဖက်လျက် နတ်ရွာစံဟူသော စကားလုံးကို မသုံးရဲချေ။ ထိုသို့ သုံးစွဲရမှာက စော်ကားမော်ကားသော စကားရပ်သာ ဖြစ်သည်။

အင်း... ဒါက... ငါ မသိဘူး၊ ဒါပေမဲ့.. အဲအချိန်တုန်းက အမှောင်နိုင်ငံမှာ အကြီးအကျယ် ပျာယာခတ် လှုပ်ရှားနေတာ၊ အမှောင်ဘုရင်ကြီး ဘယ်လို သေဆုံးသွားလဲ, ဘာ့ကြောင့် သေဆုံးသွားလဲ, မထင်ရှားဘူး၊ ဒါပေမဲ့ အမှောင်ဘုရင်ကြီးရဲ့ အုတ်ဂူက အလယ်ဘုံကလူတွေ တွေ့ချင်လို့ ငမ်းငမ်းတက်ရှာဖွေနေတဲ့ တစ်စုံတရာပဲ ကျောက်ချူ ခေါင်းကုတ်လျက် ပြန်ပြောသည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora