၃၆၁။ ကျုပ်လုပ်တော့ ဘာဖြစ်လဲ - ၃
ထိုအရိုက်ခံနေရသော လူငယ်က ဆူညံပူညံလုပ်ဖို့ပင် အားအင်မရှိတော့ပေ။ တခြားလူငယ်များက ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေကြသည်။
ကျောက်ချူတို့သည်ပင် တုန်လှုပ်ချောက်ချားကုန်သည်။
သည်ရုတ်တရက် တိုက်ခိုက်မှုက...... လုံးဝ ရက်စက်သည်။
ရောင်းရူက ရုတ်တရက် ပြန်လည် စိတ်ထိန်းနိုင်လာပြီး ကျောက်ချူအား ကပျာကယာ တီးတိုးပြောသည် အဲကောင်ကို ဂျန်ရှီ ထပ်ထိုးခွင့် ပေးလို့ မရတော့ဘူး၊ နို့မို့ဆို အကျိုးဆက်က မတွေးဝံ့စရာ ဆိုးရွားသွားလိမ့်မယ်။
ရောင်းရူပြောတာကို ကျောက်ချူ သဘောပေါက်၍ ဂျန်ဝုရှီနှင့် အထိုးခံနေရသည့် လူငယ်ကြားထဲသို့ အမြန်ပြေးလာ၍ လက်ကာထားလိုက်သည်။ ရှီလေး, တော်လောက်ပြီနော်။ ကျောက်ချူက ဂျန်ရှီကို ကြည့်သည်။ သူ့မျက်လုံးများက နူးညံ့နေသည်။ ဂျန်ရှီက သူတို့လေးယောက်ကို ကာကွယ်နေသည် မဟုတ်လော။
သူတို့က ပြန်လည် မတိုက်ခိုက်နိုင်သဖြင့် ဂျန်ရှီက သူတို့အတွက် လုပ်ဆောင်ပေးခဲ့သည်။
ယင်းခဏမှာ သူက သင့်လျော်သည့် စကားကို ရှာမတွေ့တော့ချေ။ သူ့ခံစားချက်က သူ့စိတ်တွင်းမှာ တလိပ်လိပ် တက်လာသည်။
ဂျန်ဝုရှီ၏ လက်သီးက လေထဲမှာ ရပ်နေသည်။ သူမ၏ လိမ္မော်ရောင်ဝိညာဉ်စွမ်းအားများက လက်သီးပတ်လည်တွင် ဝေ့ဝဲနေတုန်းပင်။ သူမလက်သီးတစ်ခုလုံးက သွေးများပေကျံနေသည်။ သူမက ခေါင်းမော့၍ ကျောက်ချူကို ကြည့်သည်။ သူမက သတိလစ်မေ့မြောနေသည့် ထိုလူငယ်ကို ပစ်ချလိုက်သည်။ ထို့နောက် သူမက ကြောက်ရွံ့ထိတ်လန့်နေကြသည့် လူငယ်များကို လှည့်ကြည့်၍ တုံးတိတိ ပြောသည် ထွက်သွားကြ။
လူငယ်များက သတိလစ်နေသည့် သူတို့လူကို ကောက်ထမ်း၍ အမြီးကုပ်ကာ ထွက်ပြေးသွားကြသည်။
အရှေ့ဖက်ဝင်းတွင် ငကြောက်များသာ ရှိခဲ့ကြသည်။ သူတို့ ဘာလုပ်လုပ် လက်တုံ့မပြန်ခဲ့ကြချေ။ အခု သူတို့အား ပြန်လည် အနိုင်ကျင့်သည့် အကျိုးအကြောင်းဆီလျော်သည်ကို မသိသော လူရမ်းကားလေး နေထိုင်နေမည်ဟူ၍ သူတို့ မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ သည်ငပိန်ကောင်လေးက သူတို့အားလုံးကို ဘာမပြောညာမပြော ဝင်ဆော်လွှတ်လိုက်သည်။ သူတို့အား စကားပြောခွင့် နည်းနည်းလေးတောင် မပေးခဲ့ချေ။