၃၁၉။ “သိုးငယ်က သားရဲဖြစ်လာခြင်း - ၃”
မုချန်က မသိမသာ ခဲချန်ဂျုကို လှည့်ကြည့်သည်။ ခဲချန်ဂျုက ချင်ယွဲ့၏ ညာလက်ရုံးဖြစ်သည်။ ထိုစကားများသာ ချင်ယွဲ့နားထဲ ရောက်သွားပါက, ထိုလူငယ်ကို အလွတ်ပေးမည်မဟုတ်ပေ။
အံ့အားသင့်ဖွယ်ရာပင်, ခဲချန်ဂျုက မည်သို့မျှ မတုံ့ပြန်ပေ။ ထိုစကားများက သူနှင့် လုံးဝ မသက်ဆိုင်သည့်အလား ဖြစ်နေသည်။
“ခင်ဗျား မလုပ်ချင်ဘူးလား၊ ခင်ဗျားအဖေအတွက် လက်စားချေဖို့လေ၊ အတွင်းထဲ လှိုက်စားနေတဲ့ အင်အားကြီး ချင်းယန်ကလန်ကို အမြစ်ပြတ် ဖယ်ရှားပစ်မလား။” ဂျန်ဝုရှီက မုချန်ကို မေးသည်။
မုချန်က ဂျန်ဝုရှီကို လှည့်ကြသည်။ ထို့နောက် ရုတ်တရက် အတွေးပေါက်လာသည်။ “မင်းက ချီတိုင်းပြည်က ဂျန်မိသားစုဝင်လား။”
“ဟုတ်တယ်။”
ဂျန်ဝုရှီက ချင်းယန်ကလန်ကို ဘာ့ကြောင့် အလွန်တရာ မုန်းတီးနေသလဲ, နောက်ဆုံးတော့ မုချန်က သဘောပေါက်သွားသည်။ ချင်ယုယန်နှင့် ဂျန်းချန်ချင်း၏ သေဆုံးခြင်းသတင်းက ချင်းယန်ကလန်တစ်ခုလုံးတွင် ပျံ့နှံ့လို့ နေသည်။ ချင်ယွဲ့က ချီတိုင်းပြည်ကို လက်စားချေရန် စတင်နေသည်။ ချီတိုင်းပြည်ကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ ချင်ယွဲ့က ဆုံးဖြတ်ထားသည်။
ဂျန်ရှီ၏ ချင်းယန်ကလန်ကို ဆန့်ကျင်လှုပ်ရှားလာတာက ဂျန်မိသားစုကို ကာကွယ်ရန် လိုအပ်နေလို့ ဖြစ်သည်။
“မင်း အတော့်ကို ရဲတယ်လို့ မထင်ဘူးလား၊ ချင်ယွဲ့သာ မင်းရဲ့ နောက်ခံကို ရှာဖွေ တွေ့ရှိသွားရင်, မင်းက ဒီတောင်ထွတ်တွေကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။” မုချန်က စိုးရိမ်တကြီး ပြောသည်။ သူက ဂျန်ရှီကို မလိုမုန်းတီးသည့် စိတ် မရှိပေ။ ထိုအစား, သူက ဂျန်ရှီ ပြောသလို, ချင်ယွဲ့အပေါ် သူ့အမုန်းက ဂျန်ရှီမုန်းတာထက် နည်းနည်းလေးမျှ လျော့နည်းမည် မဟုတ်ပေ။