၆၅၅။ တန်ဖိုး ပေးဆပ်ရခြင်း (၂)
ကြောင်နက်လေးက.....
လက်စွပ်ဝိညာဉ်တွေကို တကယ်ပဲ ဝါးမျိုနိုင်တာလား.....
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ....
သူတို့ မျက်စိရှေ့တွင် အလွန် တုန်လှုပ်ဖွယ်ကောင်းပြီး လုံးဝ မကြားဖူးသော အရေးအရာက ဖြစ်ပျက်နေသည်။ သူတို့ မက်ဖူးသော အဆိုးဆုံး အိပ်မက်ဆိုးသည်ပင် ဒီလောက် ကြောက်စရာကောင်းမည် မဟုတ်ပေ။
သူတို့ အပေါင်းအသင်း၏ မြေပြင်ပေါ်တွင် မချိမဆံ့ ထွန့်ထွန့်လူးနေတာကို သူတို့ ကြည့်နေကြသည်။ သူ့လက်စွပ်ဝိညာဉ် တဖြည်းဖြည်းချင်း ဝါးမျိုခံနေရတာကို သူတို့ ကြည့်နေကြသည်။ သူတို့ အင်အားများက သူတို့ခြေထောက်များမှ ယိုစီးကျသွားပြီး မထိန်းနိုင်မသိမ်းနိုင် သူတို့ တုန်လှုပ်နေကြသည်။
ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး ပေါ်ထွက်လာခြင်းသည်ပင် သူတို့အား လုံးဝ မျှော်လင့်ချက် ကင်းမဲ့ခြင်းသို့ မောင်းနှင်ထားပြီး ဖြစ်သည်။ လူငယ်လေး၏ အညှာအတာကင်းမဲ့ခြင်း, ကြောင်နက်လေး၏ ထူးဆန်းသော စွမ်းရည်က သူတို့အား လုံးဝ ရူးသွပ်သွားစေသည်။ သူတို့ မိုးနတ်မင်းကြီးကို ကြိတ်မှိတ်၍ ဆုတောင်းနေကြသည်။ သူတို့အပေါင်းအသင်းနှင့် ထပ်တူမျှသော ကံကြမ္မာဆိုးကို ရင်မဆိုင်မိဖို့ ဖြစ်သည်။
သူတို့ လက်စွပ်ဝိညာဉ်များကို အတင်းအကျပ် ကြေမွသွားစေတာကို စဉ်းစားရုံဖြင့်ပင် သူတို့ အရိုးများထိ အေးစက်မှုကို ခံစားကြရသည်။
လက်နက်လက်စွပ်ဝိညာဉ်ကို ဝါးမျိုပြီးနောက် ကြောင်နက်လေးက စိတ်ကျေနပ်ဟန် မရသေးပေ။ သူက မျက်လုံးမှေးပြီး လော့မဲ့မဲ့ ချုပ်ကိုင်ထားသော လက်စွပ်ဝိညာဉ်အချို့ကို ကြည့်လိုက်ပြီး သူ လျှာသပ်လိုက်သည်။
နင် နောက်ထပ် ဝါးမျိုနိုင်သေးလား ဂျန်ဝုရှီက ကြောင်နက်လေး၏ အကြည့်ကို သတိထားမိ၍ တည်ငြိမ်အေးဆေးစွာ မေးသည်။
မြောင်
(ငါ သူတို့ကို ဝါးမျိုလို့ သေရရင်တောင် အဲအကောင်စုတ်တွေကို ဝါးမျို ပစ်ချင်တယ်။)