၉၃၃။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၃)

252 17 0
                                    

၉၃၃။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ဒုတိယပုံစံ(၃)

တင်ပြပါတယ် အရှင်မင်းကြီး, တတိယမင်းသားက ညီလာခံခန်းမထဲ ဝင်ရောက် တွေ့ဆုံခွင့်ကို တောင်းဆိုထားပါတယ်၊ အရှင်မင်းကြီးကို အရေးကြီး တင်ပြစရာ ရှိတယ်လို့ ပြောပါတယ်။

ဘုရင်ကြီး မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည် ဒီလို အချိန်မှာမှ, ဘာ့ကြောင့် သူ ဒီ လာရတာလဲ၊ သူ့ကို ဝင်ခွင့်ပြုလိုက်။

မကြာခင်မှာပင် အ‌တော်လေး အလျင်လိုဟန်ရသော တတိယမင်းသား လေ့ရှီက ခန်းမကြီးထဲ ဝင်ရောက်လာသည်။ လေ့ရှီက လေ့ဖန်ထက် ၇နှစ် အသက်ကြီးသည်။ သို့သော် အမြဲတမ်း အခန်းအောင်းနေရသည့်အတွက် သူက လေ့ဖန်ထက် အရပ် ပိုမမြင့်ချေ။ သူ့အသားအရေက ဖြူဖျော့ဖျော့ ဖြစ်နေသည်။

လေ့ရှီ၏ အသွင်က လေ့ချန်, လေ့ဖန်တို့နှင့် နှိုင်းစာလိုက်လျှင် အရမ်း အဆိုးကြီး မဟုတ်ပေ။ သူက ရုပ်ရည်ချောမောမှု နည်းပါးသည်။ ရှက်ကြောက်တတ်တာကိုပါ ပေါင်းထည့်လိုက်လျှင် မင်းသားလေးပါးတို့တွင် လေ့ရှီကို အလွယ်တကူပင် မျက်စိလျှမ်းသွားနိုင်သည်။

ဘုရင်ကြီးသည်ပင် သူ့ကို သူ့သားရယ်လို့ ခံစားချက် သိပ်မရှိလှပေ။

သို့သော် လေ့ရှီက ကနေ့တွင် အတိတ်ကနှင့် မတူ ကွဲပြားနေလေ၏။ ရှက်ကြောက်တတ်သော ဗီဇကို မမြင်ရတော့ဘဲ ဆုံးဖြတ်ချက်ပြတ်သားခြင်းတို့က အစားထိုး ဝင်ရောက်လာသည်။

သူက ခန်းမကြီးထဲသို့ ဝင်ရောက်ပြီးချိန်မှာ ချက်ချင်းပင် ဘုရင်ကြီးရှေ့တွင် ဒူးထောက်လိုက်သည်။

သားတော်က ခမည်း‌တော်ကို ဂါရဝပြုပါတယ်၊ ခမည်းတော် သက်တော် နှစ်သန်းပေါင်း ရာချီ၍ ရှည်တော်မူပါစေ။

ထတော့, ဘာကိစ္စနဲ့ ကနေ့ ဒီကို လာတာလဲ ဘုရင်ကြီး သူ့နားထင်ကို ပွတ်သပ်၍ မေးလိုက်သည်။

လေ့ရှီ ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်နေသော မိဖုရားကြီးကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အမုန်းတရားဖြင့် ပြည့်နှက်နေလေ၏။

ခမည်းတော်ကို တင်ပြပါတယ်၊ သားတော်က ကနေ့ တရားမျှတမှုကို လိုချင်လို့ ဒီကို လာရတာပါ။

ပါရမီရှင်သမားတော်(၂)حيث تعيش القصص. اكتشف الآن