၇၁၄။ကျနုပ်၏ လှုပ်ရှားခြင်း(၁)

387 37 0
                                    

၇၁၄။ကျနုပ်၏ လှုပ်ရှားခြင်း(၁)

နင်ရူ ပြောတာကို နားထောင်ပြီးနောက် ဂုယင်က လူအုပ်ကြားထဲ ဂျန်ရှီကို လှည့်ပတ်ရှာလိုက်သည်။ သို့သော် လေညင်းကျောင်းတော်သားများ အားလုံး ကုန်သွားတာတောင် မတွေ့ရသဖြင့် သူ ကြက်သေသေသွားသည်။ ဂျန်ရှီကို မည်သည့်နေရာမှာမှ သူ မတွေ့ရပေ။

ထိုအခိုက်မှာ ဂုယင်နှလုံးသားက တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားပြီး ကျောင်းတော်အနှံ့ အဟုန်ပြင်းစွာ လိုက်လံ ရှာဖွေသည်။ သို့သော် ဂျန်ရှီကို အရပ်အယောင်ပင် မတွေ့ရချေ။

ဘယ်လို ဖြစ်နိုင်မှာတဲ့လဲ။

ဂုယင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် ဝိညာဉ်ကုစားဌာနသို့ သွားလေ၏။ ဌာနတစ်ခုလုံး ပြောင်ရှင်းနေသည်။

(ဗုန်း....)

ပြီးခဲ့သည့် နှစ်ရက်မှာ ဂျန်ရှီ၏ လုပ်ကိုင်ဆောင်ရွက်ချက်များကို သူ ပြန်လည် စဉ်းစားရင်း ဂုယင်၏ စိတ်က ပေါက်ကွဲသွားသည်။ မည်သည့် သာမန်မဟုတ်သော လုပ်ဆောင်ချက်ကိုမျှ သူ ရှာမတွေ့ချေ။ သို့သော် ဂျန်ရှီ၏ နေ့စဉ် လုပ်ဆောင်ချက်များတွင် သံသယဖြစ်စရာ လုပ်ဆောင်ချက် နှစ်ချက်သာ ရှိခဲ့သည်။ ဒါကလည်း ဂျန်ရှီနှင့် ဂူလီရှန်တို့၏ သီးသန့် တွေ့ဆုံခြင်းမျှသာ......

နှစ်ရက်အတွင်းမှာ ဂျန်ရှီက ဂူလီရှန်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ နှစ်ကြိမ်စလုံး ပေါင်းလျှင်တောင် တစ်နာရီ မပြည့်ပေ။ ထိုစဉ်တုန်းက ဂုယင်က ဂျန်ရှီကို သိမ်းငှက်တစ်ကောင်လို မျက်စိဒေါက်ထောက်၍ စောင့်ကြည့်နေခဲ့သည်။ မည်သည့် အရာမျှ ဖြစ်မလာအောင် တားဆီးလိုလို့ ဖြစ်သည်။

သို့သော် ကနေ့, ဝမ်ရှင်းဟန်က သူ့ပင်ကိုယ်ဗီဇနှင့် ကင်းကွာလျက် ပြုမူခဲ့သည်။ ဂုယင်က ၎င်းအရာကို အစပိုင်းမှာ လုံးဝ သတိမပြုမိခဲ့ပေ။ သို့သော် ဂျန်ရှီ ပြန်ရောက်ပြီးနောက်ပိုင်း လုပ်ကိုင် ဆောင်ရွက်ပုံများကို တစ်စချင်း ဆက်စပ်ကြည့်လိုက်လျှင် သူ အံ့အားသင့်စွာ သဘောပေါက်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now