၃၅၁။ “ဖီးနစ်ကျောင်းတော် - ၄”
ဂျန်ဝုရှီလက်ထဲမှ ဆေးပုလင်းများကို အမြန်အဆန် ယူ၍ ဟွာယောင်းက သူ့ပါးစပ်ထဲ အကုန် ပစ်ထည့်သည်။ ထို့နောက် သူ့ပတ်တီးစများကို သူ့ခန္ဓာကိုယ်မှ သူ့သဘောအတိုင်း ဖြည်လိုက်သည်။ သူက တိတ်ဆိတ်စွာ အိပ်ရာပေါ်တွင် ထိုင်ရင်း, သူ့ခန္ဓာကိုယ်ကို ဂျန်ဝုရှီအား ကြိုက်သလို လုပ်ရန် အပ်နှံလိုက်သည်။ စကားတစ်ခွန်းမျှ ပြောဆိုမနေပေ။
ဟွာယောင်း၏ ဒဏ်ရာများက အနည်းငယ် ကွဲပြားသည်။ အများစုက သူ့အရိုးများကို ထိခိုက်သွားခြင်း ဖြစ်သည်။ ဂျန်ဝုရှီက သူ့အား ကုသပေးရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ သို့သော် သူမကုသသည့် အမြန်နှုန်းက အတိအကျ တစ်ထပ်တည်းပင်။
ဂျန်ဝုရှီက ဟွာယောင်းနှင့် ကျောက်ချူအား ကုသပေးပြီးနောက် မကြာခင်မှာပင်,သူတို့ ပါးများက အရောင်ပြန်ထွက်လာကြသည်။
“ကျေးဇူးပါ။”ဟွာယောင်းက ရိုးရှင်းစွာ ပြောသည်။
ဂျန်ဝုရှီက ခေါင်းယမ်းပြ၍ အနည်းငယ် ဖြူရော်နေသည့် မျက်နှာဖြင့် ရောင်းရူထံ သွား၍ ကြောင်နက်လေးကို ပြန်ယူပြီး သူ့လက်မောင်းကြားတွင် ချီပိုးထားသည်။
ဂျန်ဝုရှီ၏ မျက်နှာ ဖြူရော်နေတာကို တွေ့မြင်ရလို့ ကျောက်ချူနှင့် ဟွာယောင်းက ဂျန်ရှီကိုယ်တိုင် သိပ်မကောင်းသေးတာကို သူတို့ တကယ် သတိပြုမိကြသည်။ သို့သော် ဂျန်ရှီက သူတို့ကို ဇွဲကောင်းကောင်းဖြင့် ကုသပေးသည်။ ဂျန်ရှီက စကားများများ ပြောတတ်သူ မဟုတ်ပေ။ သို့သော် သူ့ရည်ရွယ်ချက်ကို သူတို့ နားလည်ကြသည်။
ဂျန်ရှီက သူတို့အား ကျေးဇူးတင်နေခြင်း ဖြစ်သည်။ သူ့လမ်းကြောင်း ဖြစ်သော်လည်း သူတို့က တွန့်ဆုတ်ခြင်းမရှိဘဲ ထောက်ပံ့ကူညီပေးခဲ့လို့ ဖြစ်သည်။
“အာ... ရှီလေး, မင်း ဒီမှာ ငါတို့နဲ့ အတော်ကြာအောင် နေအုံးလေ၊ မင်း အတော်ကြီး ကောင်းမှ အိမ်ပြန်ပေါ့။” ကျောက်ချူက ရုတ်တရက် ပြောသည်။