၆၀၉။ မင်းလေး အရမ်းလှတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ကွယ်-၁
ဘုရားဘုရား... ငါ တကယ်ပဲ အဲလောက် အရုပ်ဆိုးနေလို့လား၊ အဲကောင်က တကယ်ပဲ အန်ချနေပါလား နံရံသို့ အုပ်စုလိုက် သွား၍ ပြင်းပြင်းထန်ထန် အန်ချနေသော ကျောင်းသားများကို ကျောက်ချူ စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့ရုပ်ရည်ကို ဒါ ပထမဆုံးအကြိမ် သံသယဝင်မိခြင်းလည်း ဖြစ်သည်။
ဖေးယန်က ကျောက်ချူကို ပြောစရာစကားကင်းမဲ့စွာ ကြည့်၍ ကြင်နာစွာ သူ့ကျောပြင်ကို ပုတ်ပေး၍ ပြောသည် မင်း ကိုယ့်ကိုယ်ကို အတော်ကြီး စဉ်းစားနေတာပဲ၊ သူတို့ အန်ချနေရတဲ့ အကြောင်းက အဲဒါ ဖြစ်နိုင်တယ်....
သူက ပြောလျက် လက်ညှိုးထိုးပြသည်။ လက်ညှိုးညွှန်လိုက်သည့် နေရာသို့ ကျောက်ချူ လိုက်ကြည့်လိုက်လျှင် သွေးချင်းချင်းနီနေသော မြင်ကွင်းကို မြင်လိုက်သည်။ ဂိတ်တံခါးအနီး ကျောင်းသားများ ရှင်းနေသော နေရာတွင် ဆိုးဆိုးဝါးဝါး ပျက်စီးနေသော အလောင်းကောင်ကို တွေ့မြင်လိုက်သည်။ တင်ပါးက နှစ်ခြမ်း ကွဲနေပြီး အတွင်းကလီစာများ အူများက မြေပြင်ပေါ်မှာ အပုံလိုက် ကျဆင်းနေသည်။ သွေးများက အိုင်ထွန်းနေသည်။ စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းပင်။
သူ့မျက်စိရှေ့ရှိ အနိဋ္ဌာရုံမြင်ကွင်းကြောင့် ကျောက်ချူ ကိုယ်လက် တောင့်တင်းသွားရသည်။ သူတို့ ရောက်ရောက်ချင်း ဘာလို့ ဒီလို မသတီစရာ မြင်ကွင်းနှင့် ပက်ပင်း လာတွေ့နေရသနည်း။
ကျောက်ချူ အာရုံပြန်လည်လာ၍ သူ့ခေါင်းကို မော့ကြည့်လိုက်လျှင် အလောင်းဘေးနားတွင် ရပ်နေသော လောင်ချီကို တွေ့လိုက်သည်။ ထို့နောက် နောက်တစ်ယောက်ထံ သူ့ အကြည့် ရွေ့သွားလျှင်....
ကျောက်ချူ လုံးလုံးလျားလျား တောင့်တင်း၍ မှင်သက်ငေးမောသွားလေ၏။
အပြစ်အနာအဆာ ကင်းစင်ပြီး ညှို့ငင်အားကြီးသော မိန်းမငယ်လေးတစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်နေသည်။ အေးစက်၍ မာကျောသည်။ သူမ၏ အဖြူရောင်သန့်သန့် ဝတ်စုံက သွေးနီရောင် မြင်ကွင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သို့သော် ကျောက်ချူအား လုံးဝ တုန်လှုပ်ချောက်ချားစေသော အရာက ညှို့ငင်အားကောင်းသော မျက်နှာ မဟုတ်ဘဲ, ရင်းနှီးကျွမ်းဝင်သော ထိုမျက်လုံးတစ်စုံသာ ဖြစ်ချေသည်။