၂၁၃။ "အဆင့်ချိုးဖျက် တက်ရောက်ခြင်း - ၁"

1.3K 84 0
                                    

၂၁၃။ “အဆင့်ချိုးဖျက် တက်ရောက်ခြင်း - ၁”

ဂျန်ဝုရှီက သူမခေါင်းကို ပြန်လှည့်လိုက်သည်။ “အလျင်မလိုပါဘူး, မိုချင်းယွမ်ကို သင်ပေးရမှာဆိုတော့, သူ့ကို ဒီလမ်းကြောင်းကို လိုက်ခိုင်းလိုက်ရမှာပေါ့။”

အသင့်ရှိနေသည့် ရင်းမြစ်များကိုသာ သူမက အပြည့်အဝ အသုံးချမည် ဖြစ်သည်။ ဘုရင်တစ်ပါးကို လက်ပူးလက်ကြပ် သင်ပေးဖို့ သူမမှာ အချိန်ပို မရှိချေ။

ဂျန်ဝုယောင်းက မျက်ခုံးပင့်လိုက်သည်။ သို့သော် ဘာမှ မပြောတော့ပေ။

“ပြန်ကြစို့” ဂျန်ဝုရှီက ပြောသည်။ ချင်းယန်ကလန်မှ လူများ၏ ပြုမှုဆက်ဆံပုံကို ကြည့်ရသလောက်, ဂျန်မိသားစု၏ ဂူသင်္ချိုင်းနယ်မြေက အေးချမ်းမည့်ပုံ မပေါ်ဘဲ မကြာခင်မှာ ပျက်စီးသွားလိမ့်မည်။

သူမက သေမိန့်ကျပြီးသူ၏ ခန္ဓာကိုယ်ကို တော်ဝင်သင်္ချိုင်းမှာ အစားထိုးပေးထားရန် မိုချင်းယွမ်ကို ပြောခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ချင်းယန်ကလန်က အရင်ဘုရင်ကြီး အသက်ရှင်သေးမှန်း ရှာဖွေတွေ့ရှိသွားမှာကို မစိုးရိမ်ပေ။

လင်းအိမ်တော်တွင်, ဂျန်ဝုရှီက ဘာမျှ မဖြစ်ခဲ့သလို ပြုမှုနေပြီး ဇလုံထဲတွင် ပွင့်နေသည့် ကြာပန်းဖြင့် အလုပ်များနေသည်။ ယစ်မူးဖွယ် ဝိုင်ရနံ့က ကြာပန်းရနံ့နှင့် အတူတူ လေထဲတွင် ဝေ့ဝဲနေ၏။ ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအား လေ့ကျင့်နေခြင်းက ချောမွေ့သထက် ချောမွေ့လာသည်။ သူမခန္ဓာကိုယ်တွင်းမှာ ဝိညာဉ်စွမ်းအားက ကြီးထွားလာပြီး အကြောပေါင်းစုံနှင့် သွေးသား အသားမျှင်များမှာပင် ပြည့်နှက်လာသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက သူမ၏ တိုးတက်လာသည့် ဝိညာဉ်စွမ်းအားက ဆက်လက်တိုးတက်လာမည့်ပုံ မပေါ်ဘဲ ရပ်တန့်သွားတာကို သူမ သတိပြုမိသည်။

“နင် အဆင့်တက်တော့မှာလား” ဂျန်ဝုယောင်းက မေးသည်။ ဂျန်ဝုရှီက သူမ လက်ဖဝါးတွင် အနီရောင် ဝိညာဉ်စွမ်းအားကို စုစည်းပြီး လေ့လာစူးစမ်းနေတာကို သူ မြင်ရ၍ မေးခြင်း ဖြစ်သည်။ သူမက အနီရောင်စွမ်းအားကို ထိန်းချုပ်၍ ခန္ဓာကိုယ် ပြင်ပသို့ ကောင်းမွန်စွာ လွှတ်ထုတ်နိုင်ပြီ ဖြစ်သည်။ သို့သော် သူမ၏ ဝိညာဉ်စွမ်းအားဖြင့် မည်သို့ တိုက်ခိုက်ရမလဲ ဆိုတာကိုတော့ လုံးလုံး မသိပေ။

ပါရမီရှင်သမားတော်(၂)Tahanan ng mga kuwento. Tumuklas ngayon