၂၂၃။ "တတိယရိုက်ချက် - ၅"

1.1K 92 1
                                    

၂၂၃။ “တတိယရိုက်ချက် - ၅”

သူမခန္ဓာကိုယ်မှ လိမ္မော်ရောင် ဝိညာဉ်စွမ်းအင်က ထွက်ပေါ်လာပြီး ရောင်ခြည်ဝိုင်းလို ပျံ့နှံ့သွားသည်။ ချင်းယန်ကလန် လူကိုးယောက်က တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။

လိမ္မော်ရောင် အဆင့် ဝိညာဉ်စွမ်းအားရှင်က ဒီလောက် များပြားတဲ့ ဝိညာဉ်စွမ်းအားကို ထုတ်နိုင်သတဲ့လား။

 

မဖြစ်နိုင်ဘူး။

သူတို့ရှေ့မှ မိန်းကလေးက, လိမ္မော်ရောင်အဆင့် ဝိညာဉ်စွမ်းအားရှင်မျှသာ ဖြစ်သည်။ သူမက ဂျန်ရှင်းယန်နှင့် အခြားသူများထက် အားနည်းသည်။ သို့သော် အချို့ မသိသော အကြောင်းများကြောင့် သူမထံမှ အေးစက်မာကျောသည့် အကြည့်က သူတို့ကို နက်ရှိုင်းလွန်းသည့် မီးငရဲထဲ ကျဆင်းစေသလို ခံစားရစေသည်။

တိုက်ပွဲထဲမှာ ရောက်နေသည့် ဂျန်ချင်းက ဆွဲဆောင်ခံလိုက်ရ၍ ဂျန်ဝုရှီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အရင်တုန်းက ဂျန်ဝုရှီမှာ စာချုပ်ဝိညာဉ် နိုးထလာတာ လအနည်းငယ်သာ ရှိသေးကြောင်းကို သူ ပြတ်ပြတ်သားသား မှတ်မိနေသည်။ အခု သူမက လိမ္မော်ရောင် အဆင့်ကိုတောင် ရောက်ရှိနေပြီလား။

 

အံ့ဩဖွယ်ရာ အဆင့်ချိုးဖျက်သည့် အမြန်နှုန်းက ဂျန်ချင်းကိုလည်း တုန်လှုပ်စေသည်သာ။

ဂျန်ဝုရှီက ချင်းယန်ကလန်တပည့်များထံ တိုးဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး ရှေ့သို့ လှမ်းတက်လိုက်ချိန်မှာ, သူမနောက်မှ အဖြူရောင် အလင်းစီးကြောင်းက သူမကို ဖြတ်ကျော်တက်သွားသည်။

“တိုက်ပွဲ သေးသေးလေးကို, ငါ့တာဝန်သာ ထားလိုက်စမ်းပါ, သခင်မလေး၊ နင့်လက်တွေ မညစ်ပတ်သင့်ဘူး။” လူငယ်၏ ရှင်းလင်းပြတ်သားသည့် အသံက ဂျန်ဝုရှီ၏ နားထဲသို့ ရောက်လာပြီး ဝိုင်ရနံ့က ဝေ့ဝဲတက်လာပြီး သူမနှာခေါင်းသို့ ဝင်ရောက်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now