၃၄၅။ “ရှင်သန်ဖို့ တိုက်ခိုက်ပါ - ၁”
သူတို့ ဝိညာဉ်များ လောက်ကျွမ်းနေသော ခဏတိုင်းမှာ, ဂျန်ဝုရှီနှင့် ကြောင်နက်လေး၏ အသက်စွမ်းအားက ကုန်ဆုံးလိုက်လာသည်။ သူတို့အသက်စွမ်အားကို လောင်ကျွမ်းစေလျက် တိုက်ခိုက်မိပြီဆိုလျှင် ရပ်တန့်လို့ မရတော့ပေ။
ဒါက ဂျန်ဝုရှီ၏ အန္တိမ အဆုံးသတ်ခြင်းပင် ဖြစ်သည်။ နောက်တစ်ကြိမ် သူမ အသက်ပြန်ရှင်သန်ခွင့် မရှိနိုင်တော့ပေ။
အဖြူရောင်ဝတ်စုံရှင်၏ စိတ်ဝိညာဉ်က သန်မာသည်။ သူ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အတွက် ဂျန်ဝုရှီနှင့် ကြောင်နက်လေးက သူတို့အသက်စွမ်းအားကို အများအပြား ထုတ်ယူသုံးစွဲနေရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂျန်ဝုရှီ၏ ခန္ဓာကိုယ်က ချွေးများဖြင့် နစ်နေလေပြီ။ သူမ မျက်နှာက အလွန်အမင်း ဖြူရော်နေလေပြီ။ မည်သည့် အရောင်အဆင်းမျှပင် မရှိတော့ချေ။ ကြောင်နက်လေး၏ တောက်ပြောင်နေခဲ့သည့် အမွှေးများက မွဲခြောက်ခြောက် ဖြစ်သွားပြီး ကြမ်းတမ်းစူးရှကုန်သည်။
ဟွာယောင်းနှင့် ကျောက်ချူက ဂျန်ဝုရှီကို နာကျင်စွာ ကြည့်နေကြသည်။ သူတို့က အနားကပ်သွားလိုကြသည်။ သို့သော် မမြင်ရသည့် အင်အားက သူတို့ကို တွန်းထုတ်လိုက်သည်။
ဂျန်ဝုရှီက သူမ၏ ဝိညာဉ်ကို တိုက်ခိုက်ဖို့ အသုံးပြုလိုက်ချိန်မှာ, ဝိညာဉ်အကာအရံတစ်ခုကို သူမကိုယ်ပတ်လည်တွင် ချထားလိုက်သည်။ မည်သူ့ကိုမျှ အနားကပ်ခွင့် မပေးတော့ပေ။
“ရှီလေး, မင်း တကယ် သေသွားလိမ့်မယ်၊ အခု ရပ်လိုက်တော့” ကျောက်ချူက ပျာယာခတ်နေပြီး ဂျန်ရှီကို အော်ပြောသည်။ ဂျန်ရှီ ဘာလုပ်နေသလဲ သူ မသိပေ။ သို့သော် ဂျန်ရှီ၏ မျက်နှာ တဖြည်းဖြည်း အရောင်အဆင်းကင်းမဲ့လာတာကို ကြည့်သည်နှင့် တားမြစ်နည်းစနစ်တစ်ခုကို အသုံးပြုနေမှန်း သူ ခန့်မှန်းနိုင်သည်။ သူက အဖြူရောင်ဝတ်စုံရှင်ကို ရပ်တန့်သွားစေဖို့ သူ့ကိုယ်ပိုင်အသက်ကို အသုံးပြုနေခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)