၇၀၁။ ဖန်ချီသေဆုံးပုံ (၄)

422 48 1
                                    

၇၀၁။ ဖန်ချီသေဆုံးပုံ (၄)

ဖန်ဂျင်ကို ဆွဲထုတ်သွားပြီး သွေးလွှမ်းသွားသော ရုံးခန်းကို သန့်ရှင်း‌ရေးလုပ်လိုက်သည်။ မည်သူမျှ မရှိသော ရုံးခန်းက ငြိမ်သက်တိတ်ဆိတ်သွားသည်။ အာ့ဂျန်က လျှို့ဝှက်အကန့်ထဲမှာ သုံးရက်လုံးလုံး ပုန်းအောင်းခဲ့သည်။ သူ အပြင်ထွက်ဖို့ ကြောက်လန့်နေလို့ ဖြစ်သည်။ သုံးရက်မြောက် ညကျမှ သူ ပုန်းအောင်းရာမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သူ ထွက်လာ၍ အခန်းတံခါးကို ဖွင့်လိုက်လျှင် လေညင်းကျောင်းတော်က အရာရာ ပြောင်းလဲသွားမှန်း သတိပြုမိလိုက်သည်။

နင်ရူက ကျောင်းအုပ်ကြီးလို ပြုမှုနေထိုင်သည်။ ဖန်ဂျင်က အကျဉ်းချခံထားရသည်။ သူက အချိန်မရွေး အသုတ်သင်ခံရနိုင်သည်။ ဖန်ချီကို သတ်ခဲ့သည့် ဂုယင်က လေညင်းကျောင်းတော်တစ်ခုလုံးကို အကြောက်တရားဖြစ်အောင် မွှေနှောက်ပစ်ထားသည်။

အာ့ဂျန်က လွတ်ရာကျွတ်ရာ ထွက်ပြေးလိုသည်။ သူတို့ကို မည်သူ ကယ်တင်နိုင်မလဲ, သူ မသိချေ။

သူ စဉ်းစားမိတာက တစ်နေရာမှာ ပုန်းအောင်းနေပြီး ဖန်ဇိုအား တွေ့အောင် ရှာလျက် ကိစ္စရပ်များ ‌နောက်ကွယ်မှ အဖြစ်မှန်ကို ပြောပြမည် ဟူ၍ ဖြစ်သည်။

သို့သော် အာ့ဂျန်က မကြာခင် ဂုယင်၏ အဖမ်းကို ခံလိုက်ရသည်။

ဖန်ချီကို သတ်သည့် နေ့မှာ အာ့ဂျန် မည်သည့်နေရာမှာ ရှိနေကြောင်း ဂုယင် မသိချေ။ သို့သော် သူက ဂျန်ရှီကို ရှာဖွေနေရင်း အာ့ဂျန်၏ လုပ်ရပ်အမှားများကို နင်ရူထံမှ ဂုယင် ကြားခဲ့ရသည်။ သူ ပျင်းရိငြီးငွေ့ခြင်းမှ တပါး အခြား အကြောင်းပြချက်မရှိဘဲ, ဂုယင်က အာ့ဂျန်၏ လျှာကို ဖြတ်ပစ်ခဲ့သည်။ လက်ချောင်းများကို ချိုးပစ်ခဲ့သည်။

အာ့ဂျန်က လုံးဝ ရူးသွပ်သွားဟန် ဆောင်ထားခဲ့သည်။ ထို့ကြောင့်ပင် သူ ယနေ့ထိ အသက်ရှင်နေခြင်း ဖြစ်သည်။

ရူးသွပ်၍ စိတ်မနှံ့သော လူတစ်ယောက်ကို သတ်ဖြတ်ပစ်ခြင်းက ဂုယင်အား စိတ်ကျေနပ်မှုကို မပေးစွမ်းနိုင်ပေ။ ပျင်းရိဖို့ပင် ကောင်းသေးသည်။ ထို့ပြင် ဝမ်ရှင်းဟန်က ရုတ်တရက် ပြန်ရောက်လာသဖြင့် အဓိပ္ပါယ်မဲ့ သတ်ဖြတ်ခြင်းကို သူ ထိန်းချုပ်ထားခဲ့ရသည်။ ထို့ကြောင့်ပင် သူက အာ့ဂျန်ကို လွှတ်ပေးထားရခြင်းလည်း ဖြစ်သည်။ သူ စိတ်ကျေနပ်ရအောင် မသတ်ဖြတ်ရလျှင် အာ့ဂျန်ကို စိတ်ထွက်ပေါက်ရှာ၍ ရိုက်နှက်လိုသောကြောင့် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora