၇၃၃။ ရှစ်ခုမြောက် ရိုက်ချက် (၁၄)
လူငယ်များ၏ မျက်လုံးများတွင် အနီရောင်က ရဲခနဲ ဖြစ်သွားသည်။ သွေးနံ့က သူတို့နှာသီးဝသို့ ဝင်ဆောင့်သွားသည်။ ဆရာသုံးယောက်၏ သက်မဲ့ကိုယ်များက သူတို့မျက်စိရှေ့တွင် လဲကျသွားသည်။ ဂုယင်က ဘာမှ မဟုတ်သလို သတ်ဖြတ်ခဲ့သည်။ သူ့နှုတ်ခမ်းများတွင် ဆိုးယုတ်သော အပြုံးက တွဲခိုနေလေ၏။
သွေးများ ပန်းထွက်နေစဉ် ဂုယင်က အနားမှာ ရပ်နေသည်။ သူ့အပေါ် သွေးများ ဖျန်းပက်သွားသည်။ သူက ထိုနေရာမှာ ပြုံးလျက်သာ ရပ်နေသည်။ သူက အားရကျေနပ်စွာ ပြုံးနေခြင်း ဖြစ်သည်။ သူ့မျက်လုံးများမှာ သနားကြင်နာခြင်း အရိပ်အယောင်ပင် မရှိချေ။ သို့သော် သတ်ဖြတ်ချင်သလို သတ်ဖြတ်ခြင်းက သူ့အား အားင်ပြည့်ဖြိုးစေသည်။
တစ်ယောက်ယောက် ငြင်းဆိုမယ်ဆိုရင်, မင်းတို့လည်း သူတို့လိုပဲ ဖြစ်သွားလိမ့်မယ် ဂုယင်က ခေါင်းငဲ့စောင်း၍ ပြောသည်။ သူက အံ့အားသင့်မှင်တက်နေသော လူငယ်များကို ကြည့်လျက် တောက်ပစွာ ပြုံးနေသည်။
ဂုယင်က ချောမောသည်။ သူ့အပြုံးက တောက်ပသည်။ သို့သော် သူ့မျက်နှာတွင် ပေကျံနေသော စွေးစွေးနီသော သွေးများကြောင့် သူ့အပြုံးက မြင်ရသူများအား ရိုးတွင်းခြင်ဆီအထိ အေးစက်မှုကို ခံစားရစေသည်။
နင်ရူက သူတို့အား လှောင်ပြောင်ရယ်မောလျက် ရပ်နေသည်။ သူက ရယ်မောခြင်းကို ထိန်းချုပ်ထားခြင်းပင် မရှိပေ။ သူက မှင်သက်ငေးမောနေကြသော ကျောင်းသားများကို စူးစူးရဲရဲ ကြည့်ပြီးနောက် ကျောင်းပေါက်ဝအနီးတွင် ရပ်နေသော ဖန်ညီအကိုသို့ လှည့်ကြည့်လိုက်သည်။
မင်းတို့ အဖြစ်မှန် တစ်ခုလုံးကို သိတော့ရော ဘာဖြစ်လဲ၊ မင်းတို့ အဖေ အသတ်ခံရလို့ လက်စားချေချင်နေတာလား၊ မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ နှစ်ယောက်လုံး ဒီမှာပဲ မင်းတို့ အသက်ကို ချန်ထားခဲ့ရမယ် နင်ရူက အစောပိုင်း ခံစားခဲ့ရေသော သူ့စိုးရိမ်ပူပန်ခြင်းများ, သို့လောသို့လော ဖြစ်ခြင်းများက အားလုံး ရှင်းသွားလေပြီ။