၂၄၁။ "အားလုံး နင့်အတွက် - ၃"

1.2K 94 0
                                    

၂၄၁။ “အားလုံး နင့်အတွက် - ၃”

“ငါ့ကို ကြည့်နေလို့ အသုံးမဝင်ဘူး၊ ငါ ချင်းယန်ကလန်ကို သစ္စမဖောက်ခဲ့သင့်ဘူး၊ ဒါပေမဲ့ နင်တို့လူတွေက တကယ့်ကို ဂျန်ဝုရှီရဲ့ ပြိုင်ဘက် မဟုတ်ကြဘူးလေ။” ဘိုင်ယန်ရှင်းအန်က ခဏလောက် တွန့်ဆုတ်နေသည်။ ထို့နောက် ချင်ယုယန်က သေဖို့ နီးစပ်နေပြီမို့ ထပ်မံ သူမ ဖုံးကွယ်ထားစရာ မလိုတော့ပေ။ သူမက အမှန်တရားကို ထုတ်ဖော်ပြောလိုက်သည်။

“တကယ်တော့ မိုရွမ်ဖေး မိနေတဲ့ အဆိပ်က ဂျန်ဝုရှီ လုပ်ထားတာ, သူမက ငါ့ကိုလည်း အဲအဆိပ် ကျွေးထားခဲ့တယ်၊ ငါက နင်တို့ကို မိုရွှမ်ဖေးကို စစ်ဆေးပေးဖို့ လုပ်ဆောင်ခဲ့တာက နင်, ဒါမှမဟုတ် ဂျန်းချန်ချင်း တစ်ယောက်ယောက်က အဆိပ်ကို ဖော်ထုတ်နိုင်မလား ထင်ခဲ့မိလို့ပဲ၊ နင်တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ ဖော်ထုတ်နိုင်ခဲ့ရင်, ငါက အမှန်တရားကို ထုတ်ပြောမလို့ပါဘဲ။”

“ဒါပေမဲ့ နင်တို့ နှစ်ယောက်လုံး ငါ့ကို စိတ်ပျက်စေခဲ့တယ်၊ နင်တို့က အဆိပ်မိနေတာကိုတောင် မစူးစမ်းနိုင်ကြဘူး၊ ဒီတော့ ငါ ဘာကို ပြောပြလို့ ရတော့မလဲ၊ စီနီယာ, နင်က နင့်ဆေးပညာအရည်အချင်းကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့တယ် မဟုတ်ဘူးလား၊ မိန်းမငယ်လေး ဖော်စပ်ထားတဲ့ အဆိပ်ကြောင့် ဘာလို့ လုံးလုံးကြီး အကျပ်ရိုက်နေရတာလဲ” ဘိုင်ယန်ရှင်းအန်က အရာအားလုံးကို ဖော်ထုတ်လိုက်ရလို့ ရင်ထဲပေါ့သွားပြီး ပြုံးလာသည်။

လူတိုင်း ကိုယ့်အကျိုးကိုပဲ ကြည့်ကြတာက တောတွင်း ဥပဒေသာ မဟုတ်လော။

သူမက အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရုံသာ ဖြစ်သည်။

အဆင့်မြင့်ပြီး အင်အားကြီးသည့် ချင်ယုယန်သည်ပင် ဂျန်ဝုရှီရှေ့တွင် အကြီးအကျယ် ကျရှုံးသွားခဲ့ရသည်။ သည်မြင်ကွင်းက ဘိုင်ယန်ရှင်းအန်ကို ကျေနပ်သွားစေသည်။ သို့သော် တစ်ဖက်မှာတော့ သူမက ဂျန်ဝုရှီကို အသေအလဲ ကြောက်ရွံ့သွားလေပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now