၅၈၁။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၄

650 51 0
                                    

၅၈၁။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၄

ကြောင်နက်လေးက စိတ်မရှည်စွာ အဆုံးမရှိ ညည်းတွားလိုက်သည်။

ဂျန်ဝုရှီက ကြောင်နက်လေး၏ နောက်ကျောကို အသာအယာ ပုတ်လိုက်သည်။ သူမက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ဟန်ဆောင်နေသော နင်ရှင်းကို ကြည့်လိုက်သည်။

ဘာက အစစ်အမှန်လဲ, ဘာက အတုအယောင်လဲ ဆိုတာ ငါတို့ မနက်ဖြန်ကျရင် တိတိကျကျ သိကြရလိမ့်မယ်၊ ဒါ့ကြောင့် နင် စိုးရိမ်ပူပန်နေစရာ မလိုဘူး။ ထိုသို့ ပြောပြီးနောက် ဂျန်ဝုရှီက ချက်ချင်း ထွက်ခွာသွားသည်။

ကြောင်နက်လေး ပြောသလို နင်ရှင်းနှင့် အတူ ဆက်လက် စကားပြောနေလျှင်, သူမ၏ ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားရာ ရောက်လိမ့်မည်။

နင်ရှင်းက ထွက်ခွာသွားသော ဂျန်ဝုရှီကို အံ့အားတသင့် ကြည့်နေမိသည်။ ဒီလို အခြေအနေမျိုးနှင့် တွေ့ကြုံနေရတာတောင် ဂျန်ဝုရှီက အေးစက်စက်နိုင်ပြီး အဖက်မတန်သလို လုပ်လိမ့်မည်ဟူ၍ သူ ဘယ်တုန်းကမှ မတွေးထင်ထားပေ။ သူမ အမြင့်ဆုံး အရှက်ခွဲခံလိုက်ရပြီး ဆိုးဆိုးရွားရွား မတူသလို မတန်သလို ဆက်ဆံခံလိုက်ရတာကို ခံစားသွားရသည်။

ဂျန်ရှီ...နင် ငါ့ကို ဒီလောက်တောင် မတူသလို မတန်သလို ဆက်ဆံရဲတယ်ပေါ့၊ နင် စောင့်နေလိုက်၊ အဆင်ပြေတဲ့ တစ်နေ့, နင် ငါ့ဆီကို တွားရွားလာပြီး နင့်ကို ကယ်တင်ဖို့ လာတောင်းပန်စေရမယ် နင်ရှင်းက အံကြိတ်လိုက်သည်။ သူမက ထွက်ခွာသွားသော ဂျန်ဝုရှီ၏ ကျောပြင်ကို အစိတ်စိတ်အမွှာမွှာ လုပ်ချင်လောက်အောင် ‌ဒေါသထွက်နေသဖြင့် စူးစူးရဲရဲ ကြည့်နေမိသည်။

ယင်ယန် နင်ရှင်းက အကျယ်ကြီး အော်ခေါ်လိုက်သည်။

ယင်ယန်က ပုန်းကွယ်နေရာမှာ ချက်ချင်း ထွက်လာသည်။

အမကြီး နင်

ငါ့အမိန့်ကို သူတို့အားလုံးဆီ ပို့ဆောင်လိုက်၊ ဂျန်ရှီ လီဇီမုကို သတ်ဖြတ်တဲ့ အကြောင်းကို အမြင့်ဆုံးအထိ အရှိန်မြှင့်ချင်တယ်၊ သုံးရက်အတွင်းမှာ ဖန်ချီ သတိထားမိသွားပြီး ဂျန်ရှီ့ကို နှင်ထုတ်ပစ်တာ ငါ ကြားချင်တယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now