၄၅၇။ အဆက်မပြတ်ရိုက်ချက်၊ ပထမပုံစံ-၄
လီဇီမုက တခြားနှစ်ယောက်၏ ရုတ်တရက် ဖမ်းချုပ်မှုကို ခံလိုက်ရသည်။ ထို့နောက် သစ်ပင်မှာ ပစ်ဆောင့်ချခံလိုက်ရပြန်သည်။ အဖုအထစ်တို့ မာကျောနေသော သစ်ပင်၏ ပင်စည်နှင့် ဆောင့်မိခြင်းကြောင့် သူ့အရိုးများ ကျိုးကျေသွားသလို သူ ခံစားလိုက်ရသည်။ သူ ရုတ်တရက် မသက်မသာ ခံစားလာရသည်။
အား.... မင်းတို့ ဘာလုပ်နေကြတာလဲ၊ ငါ့ကို လွှတ်စမ်း... ငါက ဝိညာဉ်ကုစားဌာနက တပည့်တစ်ယောက်နော်၊ မင်းတို့ ငါ့ကို မလေးမစား ဆက်ဆံဝံ့တယ်ပေါ့၊ ငါ ကျောင်းတော် ပြန်ရောက်ရင် မင်းတို့ အမှိုက်ကောင်တွေကို အပြုအမူကောင်းကောင်းလုပ်တတ်ဖို့ သင်ပေးရလိမ့်မယ် လီဇီမု၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရုတ်တရက် တိုက်ခိုက်လာသော ဟွာယောင်းနှင့် ကျောက်ချူကို မယုံကြည်နိုင်စွာ စူးစူးရဲရဲ သူ ကြည့်လိုက်သည်။
ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဖန်ဂျင် တုန်လှုပ်ချောက်ချားသွားကာ မြေကြီးပေါ်မှာ တောင့်တောင့်ကြီး ရပ်နေမိသည်။ သူက အမှတ်မထင် ဂျန်ရှီကို လှည့်ကြည့်သည်။ သူ့မျက်လုံးများက ကြောက်ရွံ့ စိုးရိမ်ခြင်းဖြင့် ပြည့်နှက်သွားသည်။
နင် မကြည့်ရက်ဘူးဆိုရင် အရင်ဆုံး တစ်နေရာရာ သွားနေလို့ ရတယ်။ ဂျန်ဝုရှီက ဖန်ဂျင်ကို ကြည့်၍ ပြောပြီးနောက် လီဇီမုထံ လှည့်ထွက်သွားသည်။
ဖန်ဂျင် ရင်တဒိတ်ဒိတ် ဖြစ်သွားသည်။ သူ့နှလုံးသားထဲမှ တစ်ခုခု သူ့အား ပြောနေတာက တိုက်ပွဲတောအုပ်သို့ မဝင်ခင် ဂျန်ရှီ ပြောခဲ့သော စကားများက ဟာသမဟုတ်ဟူ၍ ဖြစ်သည်။
ထို့ပြင် သူက သူ ကြိုတင်ပြောခဲ့သည့် စကားများအတိုင်း လုပ်ဆောင်တော့မည်။
ရှီလေး ဖန်ဂျင်က သတိထားကာ ဂျန်ရှီ၏ လက်မောင်းကို ဆုပ်ကိုင်သည်။ သူ ကြောက်လန့်နေပုံရသည်။
သို့သော်ငြား ဂျန်ဝုရှီ၏ သဘာဝမဆန်စွာ အေးစက်လွန်းသော အကြည့်များကြောင့် သူ နောက်တွန့်သွားကာ ဆုပ်ကိုင်ထားသော လက်ကို အလိုလို ဖြေလျှော့လိုက်ရသည်။