၇၇၂။ ကိုယ်စီအတွေး (၂)

369 33 0
                                    

၇၇၂။ ကိုယ်စီအတွေး (၂)

ငါတို့ရဲ့ လေးစားရတဲ့ ပြိုင်ပွဲဝင်တွေ ဒီရန်တိုင်းပြည်ကို ပထမဆုံး ရောက်တယ်လို့ ငါ ယုံကြည်မိတယ်၊ ရန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံအနေနဲ့ ငါ ဧည့်ခံပေးရမယ်ဆိုတာ အကျိုးအကြောင်း သင့်လျော်ပါတယ်၊ မနက်ဖြန်ကျတော့ ငါ တည်ခင်းဧည့်ခံတဲ့ စားသောက်ပွဲကို လာဖို့ ငါ ဖိတ်မံပါရစေ၊ စားသောက်ပွဲကို ကျောင်းတော်အသီးသီးက တပည့်တွေလည်း လာကြလိမ့်မယ်၊ လပြည့်ညအရသာလည်း ခံစားကြတာပေါ့ လေ့ချန်က စကားပြောနေရင်း ခပ်သွက်သွက် စားပွဲပေါ်သို့ ဖိတ်စာကို တင်ပေးလိုက်သည်။

ဒီစားသောက်ပွဲက ရန်တိုင်းပြည်၏ လုပ်ရိုးလုပ်စဉ်မို့ ဖန်ဂျင်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှု မရှိချေ။ တကယ်တော့ ကျောင်းတော်အသီးသီးမှ တပည့်များကို ရန်တိုင်းပြည်က ဖိတ်မံလျက် စားသောက်ပွဲကို ကျင်းပသည်မို့ ကျောင်းသားများ စုစည်းပွဲသာ မဟုတ်လော။

၎င်းစားသောက်ပွဲက မတူကွဲပြားသော ကျောင်းတော်များကို ကြိုဆိုဖို့ တည်ခင်းပေးသယောင် ထင်ရသော်လည်း တကယ့်အဖြစ်မှန်က, အရည်အချင်း ထူးချွန်ပြောင်မြောက်သော တပည့်များကို ရန်တိုင်းပြည်က လေ့လာဆန်းစစ်၍ ထို့နောက် ပါရမီထူးကဲသော ကျောင်းသားများကို ရန်တိုင်းပြည်က သိမ်းသွင်းရန် ကြိုးစားမည့် ပွဲသာ ဖြစ်သည်။

စားသောက်ပွဲက အသစ်များကို ကြိုဆိုသည်ဟု မှတ်ယူရသော်လည်း....

ဖန်ဂျင်က ဂျန်ဝုရှီနှင့် တခြားသူများကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူတို့က ခန်းမကြီးထဲသို့ ဝင်ရောက်လာကြပြီးနောက် စကားများများစားစား မပြောကြချေ။ လေ့ချန်အပေါ် သူတို့၏ အပြုအမူများက တစ်ချိန်လုံး စိတ်အားထက်သန်မှု မရှိချေ။

တခြားကျောင်းတော်များမှ တပည့်များဆိုလျှင် သူတို့ တက်လမ်းဟူ၍ သတ်မှတ်ပြီး လေ့ချန်အား အားပါးတရ ဖားယားကြမည် ဖြစ်သည်။ သို့သော် ဂျန်ဝုရှီနှင့် သူမ၏ အပေါင်းအသင်းများကတော့.....

သူတို့အုပ်စုက လေ့ချန်၏ အိမ်ရှေ့စံဟူသော ရာထူးကို အလေးအနက်မထားကြောင်း ဖန်ဂျင် ခံစားမိသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ