၅၁၈။ ဇွဲကောင်းစွာ လိုက်လာသူ-၉

639 53 0
                                    

၅၁၈။ ဇွဲကောင်းစွာ လိုက်လာသူ-၉

သူတို့က နဂိုကတည်းက ဝိညာဉ်ကျောက်တုံးများကို ပိုက်ဆံပေါ်အောင် လုပ်ဖို့ ရည်ရွယ်ထားကြသည်။

ဖန်ဂျင်က သူတို့ ရည်ရွယ်ချက်ကို သတိမပြုမိဘဲ သူပိုင် ဝိညာဉ်ကျောက်တုံးများကို ထုတ်၍ ဝေငှပေးသည်။ သို့သော် ဟွာယောင်းက ငြင်းဆိုသည်။

လော့မဲ့မဲ့က ဗိုက်ပြည့်အောင် စားပြီးနောက် ပညာမဲ့သော လူသားများကို လျစ်လျူရှူထားလိုက်သည်။ သူ့မျက်လုံးထဲမှာ သူ၏ ကျွေးသခင်မသည်သာ အာရုံစိုက်ဖို့ ထိုက်တန်သူ ဖြစ်သည်။

သို့သော် ‌ကျောက်ချူ၏ အဆက်မပြတ် ညည်းတွားနေခြင်းကို ကြားပြီးနောက် လော့မဲ့မဲ့က သူ့သခင်မလေးကို စိုးရိမ်ပူပန်စွာ မော့ကြည့်သည်။

မီးရောင်နွေးနွေးအောက်တွင် ဂျန်ဝုရှီက မည်သည့် အမူအရာကိုမျှ ပြသမနေပေ။ သို့သော် သူမက ခေါင်းငုံ့၍ အစာချောက်ကို ကိုင်ကာ တတိတိ ဝါးစားနေသည်။

(သူ၏ အစာကျွေး သခင်မလေးက လူသားအရေးကိစ္စများကို ပါဝင်ဖြေရှင်းဖို့ ကြိုးစားစဉ်းစားနေတာလား၊ ဒါဆို သူ ဘာလုပ်သင့်သလဲ။)

အစာကျွေးသခင်မလေးက အစားထိုး မရနိုင်သူ ဖြစ်သဖြင့် လော့မဲ့မဲ့က ဂျန်ဝုရှီရှေ့တည့်တည့်သို့ ရွရွလေး ပြေးလာသည်။

ဂျန်ဝုရှီက သိုးငယ်လေးကို အနည်းငယ် ခေါင်းမော့ကြည့်၍ လက်ဆန့်ကာ သိုးငယ်လေး၏ အမွှေးများကို ဖွပေးသည်။

ပဲဟ်ဟ်ဟ်..

(ငါ့သခင်မလေး, ငါလည်း ပါဝင်ပေးနိုင်တာကို သက်သေပြပေးမယ်လေ။)

........ ဂျန်ဝုရှီ အတော်လေး အံ့ဩသွားသည်။

ဂျန်ဝုရှီ လက်ခံခြင်းကို စိုးရိမ်တကြီး စောင့်ကြည့်နေရင်း လော့မဲ့မဲ့က သူ့ခေါင်းလေးကို နောက်သို့ လှည့်၍ သူ့အမွှေးထူထူများကြားကို အားတက်သရော မွှေနှောက် ရှာဖွေလေ၏။

ခဏအကြာတွင် သူက ပါးစပ်အပြည့်ဖြင့် ခေါင်းပြန်လှည့်လာသည်။ ထို့နောက် သူက ခေါင်းငုံ့၍ ပါးစပ်ဟလိုက်သည်။

ဂျလောက်...ဂျလောက်... ဂျလောက်

အရောင်အသွေးမျိုးစုံ, အရွယ်အစားမျိုးစုံပါသော ဝိညာဉ်ကျောက်တုံးများက သူ့ပါးစပ်မှ ကျဆင်း၍ ဂျန်ဝုရှီ၏ ခြေထောက်ရှေ့တွင် ပျံ့ကျဲကုန်သည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora