၅၄၈။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၅

562 52 0
                                    

၅၄၈။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၅

ချန်လင်းလေလံအိမ်တော်မှ ဝန်ထမ်းများက ကျောက်တုံးနက်ကို စင်ပေါ်မှ အပြုံးဖြင့် သယ်ချသွားသည်။ ဂျန်ဝုရှီက ငွေချေလိုက်သည်။ လေလံပွဲပြီးမှ ၎င်းပစ္စည်းကို သယ်ဆောင်သွားနိုင်လိမ့်မည်။

ထို့နောက် လှုပ်ရှားတက်ကြွသော လေထုက လေလံအိမ်သို့ ပြန်လည် ရောက်ရှိလာသည်။ တန်ဖိုးကြီးသော သေသးကြီးကြီး ပစ္စည်းမျိုးစုံက တစ်သုတ်ပြီး တစ်သုတ် လေလံစင်ပေါ်သို့ ရောက်ရှိလာသည်။ လေလံဆွဲခြင်းက ပြင်းထန်စွာ ဆက်လက်သွားသည်။

ကျောက်တုံးနက်မှ တပါး သူတို့ ခြောက်ယောက်အား ဆွဲဆောင်နိုင်သော ပစ္စည်းများ မရှိတော့ချေ။ လှုပ်ရှားတက်ကြွနေသော လေထုက ဂျန်ဝုရှီ၏ လျင်မြန်၍ ဆုံးဖြတ်ချက်ပြတ်သားသော ပုံအော၍ လေလံဆွဲလိုစိတ်ကို ဆွဲဆောင်ခါနီး ဖြစ်သော်လည်း ပြန်လည် ငြိမ်ကျသွားသည်။ လူမိုက်နှင့် ငွေ အတူမနေသော လူစားမျိုးကို လူများက တွေ့မြင်ချင်ကြ၍ စောင့်ဆိုင်းနေသော်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။

နောက်ထပ် တစ်နာရီကုန်ဆုံးပြီးနောက် လေလံအိမ်တော်က အပြီးသတ်သွားသည်။ ပစ္စည်းတိုင်း လေလံဆွဲသွားကြသဖြင့် တစ်ခုတလေပင် မကျန်ရစ်ခဲ့တော့ပေ။

လူများစွာက ကျေနပ်အားရစွာ ထွက်ခွာသွားကြသည်။ သူတို့ လေလံအောင်သော ပစ္စည်းများကို ပွေ့ပိုက်သွားကြသည်။

ဂျန်ဝုရှီ လေလံအောင်သော ပစ္စည်းက ကြီးမားလွန်းနေသဖြင့် လေလံပြီးသည်အထိ စောင့်ဆိုင်းနေရသည်။ လေလံအိမ်မှ ဝန်ထမ်းများက ၎င်းကျောက်တုံးနက်ကို သယ်ယူလာကြသည်။

၎င်းဝန်ထမ်းများနှင့် အတူ နောက်တစ်ယောက် လိုက်ပါလာသည်။ သူက တောက်ပြောင်သော ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူ ဖြစ်သည်။ သူက သူတို့ဆီ တိုက်ရိုက်လာသည်။

အားလုံး မင်္ဂလာညချမ်းလေးပါ၊ ငါက ဒီချန်လင်းလေလံအိမ်တော်ရဲ့ ပိုင်ရှင်ပါ၊ ငါ့နာမည်က ဟဲချန်းလီပါ၊ မင်းတို့တွေရဲ့ မျက်နှာနဲ့ ငါ မရင်းနှီးသေးပါဘူး၊ မင်းတို့တွေ ဒီလေလံအိမ်တော်ကို လာတာ ပထမဆုံးအကြိမ် ဖြစ်လောက်တယ်မို့လား ဟဲချန်းလီက သူတို့အုပ်စုကို အရယ်ဖြင့် ကြိုဆိုနှုတ်ဆက်သည်။ သူ့မျက်လုံးများက ချောမောခံ့ညားသော လူငယ်အုပ်စုကို လှည့်ပတ် ကြည့်ရှုရင်း အပြုံးများဖြင့်‌ ဝေဆာနေသည်။ လူငယ်အုပ်စု ပတ်လည်မှာ တမူထူးခြားသော လေထု ရှိနေတာကို သူ မြင်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora