၃၇၁။ ထပ်လိုသေးလား - ၃
အရှေ့ဖက်ဝင်းမှ ဆရာတူတပည့်များက တုံ့ပြန်မှု များစွာ မရှိကြချေ။ သို့သော် ဖီးနစ်ကျောင်းတော်၏ တခြားအုပ်စုများက တုံ့ပြန်မှု မရှိဟူ၍ မဆိုလိုပေ။
လူတစ်စုမှ ရုတ်ရုတ်သဲသဲ ဆူညံသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ဆူညံသံထွက်ပေါ်ရာသို့ အိပ်ချင်စုံမွှားဖြစ်နေသည့် လေးယောက်က မလှမ်းချင့် လှမ်းချင်ဖြင့် ထွက်ကြည့်သည်။ သို့သော်ငြား သူတို့ ထိုနေရာသို့ ရောက်လျှင်, မြင်လိုက်ရသည့်မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။
သူတို့က မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော တုတ်ခိုင်သန်မာသည့် လူဆယ်ယောက်ကို တွေ့ကြသည်။ သူတို့က လှေခါးရှည်များ ပုဆိန်များနှင့် အထောက်အကူပြု ပစ္စည်းများကို ထမ်း၍ ဖီးနစ်ကျောင်းတော်၏ အရှေ့ဖက်ဝင်းသို့ ရှေ့ရှူလာကြသည်။
ထို့ပြင် ထိုလူများ၏ နောက်တွင် နောက်ထပ် လူအုပ်စုတစ်ခု လိုက်ပါလာကြသည်။ သူတို့က ကုန်သေတ္တာကြီးများကို ဝါးထမ်းပိုးဖြင့် လူနှစ်ယောက်စီ ထမ်းလာကြသည်။ သူတို့အားလုံးက ကျောက်ချူတို့ ထွက်လာတာကို မြင်လျှင် အပြေးအလွှားလာ၍ သူတို့ထမ်းလာသည့် ဝန်များကို ချထားကြသည်။
ငါတို့ နောက်ဆုံးတော့ နေရာမှန်ကို ရှာတွေ့ပြီပဲ၊ ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ လက်ခံရရှိကြောင်း ငါတို့ကို လက်မှတ်ထိုးပေးပါ၊ ဒါက လဗိမာန် ရက်ကန်းရုံက အကောင်းစား အဝတ်အစားကုန်သေတ္တာ ရှစ်ခုပါ၊ ၇ခုက ယောက်ျားလေးအဝတ်အစားဖြစ်ပြီး တစ်ခုကတော့ မိန်းကလေးအဝတ်အစား ဖြစ်ပါတယ်၊ ဖိနပ်တွေ, ခြေအိတ်တွေနဲ့ တခြားလိုအပ်ရာရာတွေကိုလည်း ပေါင်းစပ်ထည့်ပေးထားပါတယ်၊ ငါတို့ တန်ဖိုးထားတဲ့ ဝယ်ယူသူတွေအတွက် ဆုမွန်ကောင်းတောင်းပေးခြင်းက ငါတို့ရဲ့ ဦးစားပေး ဖြစ်ပါတယ်၊ ပို့ဆောင်လာတဲ့ ပစ္စည်းတွေကို ကျေးဇူးပြုပြီးတော့ စစ်ဆေးပေးပါ၊ အကုန်လုံး အဆင်ပြေ ချောမွေ့နေပြီဆိုရင်, ငါတို့ ပြန်သွားနိုင်ပါလိမ့်မယ်။ အုပ်စုခေါင်းဆောင်က အတော်သားနားစွာ ဝတ်ဆင်ထားသည်။ သူက တောက်ပစွာ ပြုံးပြ၍ ကျောက်ချူရှေ့သို့ လက်ခံရရှိကြောင်းလက်မှတ်ထိုးရန် စာရွက်ကို ထိုးပေးသည်။