၅၅၉။ မိုးကောင်းကင်အဆုံး ချောက်နက်-၆
မင်းတို့ကောင်တွေကို လန့်အောင် လုပ်မိလို့ ငါ တောင်းပန်ပါတယ် ဖန်ဇိုက လူတိုင်းကို တောင်းပန်လိုဟန်ဖြင့် ကြည့်သည်။
ကျောက်ချူ၏ အမူအရာက အတော်လေး တောင့်တင်းသွားသည်။ သူက မည်သို့ တုံ့ပြန်ရမှန်း မသိသောကြောင့် ဖြစ်သည်။
ဟွာယောင်းက ဖန်ဇိုကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူက ၎င်းအကြောင်းကို မပြောချင်သော်လည်း ဖန်ဇို၏ တုံ့ပြန်ပုံက သူ မျှော်လင့်ထားသည်နှင့် လုံးလုံး ကွဲပြားနေသည်။ သူက အလယ်ဘုံအကြောင်းကို ကြားဖူးရုံသာ ဆိုလျှင်, ဘာ့ကြောင့် သူက ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ရသနည်း။ ထို့ပြင် သူသာ အမှတ်မမှားလျှင်, အစောပိုင်း ဖန်ဇို့မျက်လုံးများက သတ်ဖြတ်လိုခြင်းနှင့် အမုန်းတရားသက်သက်ဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ နန်းတော် ဆယ့်နှစ်ခုကို မုန်းနေသလော။
ဘာ့ကြောင့်လဲ။
ဟွာယောင်းက နောက်ဆုံးတွင် ပြောလာသည် မင်းက အလယ်ဘုံကလား။
ဖန်ဇိုက အမှန်တရားကို မဖုံးကွယ်ထားဘဲ ခေါင်းညိတ်ပြသည်။ သူက ဟွာယောင်းနှင့် တခြားလူများကို ကြည့်၍ ပြုံးလျက် ပြောသည် မင်းတို့ အားလုံးရော, ငါ မမှားရင်, အကိုဟွ, ချောက်ချူ, ယန်လေး, ရူလေး... ပြီးတော့.... ရှီလေး... မဟုတ်ဘူး မဟုတ်ဘူး... ရှီလေး မပါဘူး... ဘာလို့လဲ ဆိုတော့ ရှီလေးက ငါ့စကားမှာ နည်းနည်းလေးတောင် တုံ့ပြန်မလာလို့ပဲ...
ဖန်ဇိုက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ့မျက်နှာက အနည်းငယ် ပြုံးရောင်သန်းနေ၏။
မင့် ခန့်မှန်းချက် မှန်တယ်ဟွာယောင်းက ခေါင်းညိတ်၍ ပြောသည်။
မင်း နန်းတော်ဆယ့်နှစ်ခုကို မုန်းတီးနေတာလား ဟွာယောင်းက မေးသည်။ သူ အနည်းငယ် အံ့ဩနေသည်။ ဘာ့ကြောင့် အစောပိုင်း ရန်ငြိုးပြင်းထန်သော အရှိန်အဝါက အခု လုံးလုံး တစ်စမကျန် ပျောက်ကွယ်သွားရသနည်း။ သူ့မျက်လုံးထဲရှိ အမုန်းတရားက သူတို့ ခံစားနေရတာထက် နည်းနည်းလေးမျှ မလျော့ပါးချေ။ သို့သော်, ဘာ့ကြောင့် ဒီလောက် မြန်မြန် ပျောက်ကွယ်သွားရသနည်း။
