၃၈၃။ အကြီးအကဲပေါ်လာခြင်း - ၄
ဒီမှာ ဘာဖြစ်နေတာလဲ ဟွာယောင်းက ကျောက်ချူကို မေးသည်။ ကျောက်ချူမျက်နှာက တုန်လှုပ်ချောက်ချားနေသည်။ ထို့နောက် ဖေးယန်နှင့် ရောင်းရူကို ကြည့်သည်။ သူတို့ အမူအရာများကလည်း ရှုပ်ထွေးနေကြသည်။
ကျောက်ချူက စကားဖြင့် မဖော်ပြနိုင်ဘဲ တုန်တုန်ယင်ယင်ဖြင့် ဂျန်ဝုရှီကို လက်ညှိုးထိုးပြသည်။
ရောင်းရူက စကားမပြောနိုင်ခင် ချောင်းဟန့်ပြီးမှ ပြောသည် ရှီလေး ပြောတာက.... ငါတို့ ရောင်းလိုက်တဲ့ အဲဆေးတွေက အစစ်တွေတဲ့။
ပုံမှန် တည်ငြိမ်နေသည့် ဟွာယောင်းသည်ပင် ထိုသတင်းကြောင့် မျက်နှာ ဖြူရော်သွားသည်။
ဂျန်ရှီ... မင်း အဲဆေးတွေကို ဖော်စပ်ခဲ့တာလား ဒီတစ်ခါ ဟွာယောင်း အလှည့်ပင် ဖြစ်သည်။ သူက ဂျန်ရှီကို မယုံကြည်နိုင်စွာ ကြည့်၍ မေးသည်။ သူ့နားကိုပင် သူ မယုံနိုင် ဖြစ်နေသည်။ မုချန်လို ရုပ်ဖျက်၍ ထိုဆေးလုံးများကို ရောင်းချရန် သူ့အား အကြံပေးစဉ်က သူ့အပေါင်းအသင်းများ တွေးထားသလို ကျိကျိတက် ချမ်းသာသော ထိုကောင်စုတ်လေးများအား သာမန်ဆေးလုံးများကို လှည့်စားရောင်းချဖို့ ရည်ရွယ်ထားတာ ဖြစ်သည်ဟူ၍ သူ တွေးထင်မိသည်။ သို့သော် သူ ဒီလို အစစ်အမှန် ဆေးလုံးများ ဖြစ်ကြောင်းကို လုံးဝ မထင်မှတ်မိပေ။
ဂျန်ရှီ သူ့အား ပေးခဲ့တာ အစစ်အမှန်တွေတဲ့လား... ထိုဆေးလုံးများက သူတို့ ကြေညာမောင်းခတ်ခဲ့သလို အကျိုးသက်ရောက်မှု ရှိသတဲ့လား....
ဂျန်ဝုရှီက အရေးမထားဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်သည်။ သူမ မျက်လုံးများက အေးဆေးတည်ငြိမ်နေကြသည်။ ဆေးလုံးအနည်းငယ်က သူမ အပေါင်းအသင်းများအား ဘာ့ကြောင့် သည်မျှလောက် အကြီးအကျယ် တုံ့ပြန်သွားစေနိုင်သနည်းဆိုတာကို သူမ နားမလည်နိုင် ဖြစ်မိသည်။
စိတ်ထဲမှာ အသင့်ပြင်ထားည့် ဟွာယောင်းသည်ပင် ဂျန်ဝုရှီ၏ ရိုးရိုးရှင်းရှင်း ပြန်ပြောပုံကြောင့် မည်သို့ တုံ့ပြန်ရမှန်းပင် မသိတော့ပေ။
