၇၆၅။ မီးဝိညာဉ်လေလံအိမ်တော် (၈)
ဂျန်ဝုရှီ၏ တုံ့ပြန်မှုက သတိပြုမိရုံမျှသာ ဖြစ်သည်။ သူမ၏ စိတ်ခံစားချက်က သူမမျက်လုံးများမှာ အရိပ်အယောင်သန်းရုံမျှသာ ဖြစ်သည်။ သို့သော် သူမ၏ ထိုသေးငယ်သော ပြောင်းလွဲမှုက ဂျန်ဝုယောင်း၏ မျက်လုံးများမှ နည်းနည်းလေးပင် လွဲချော်မသွားချေ။
ကြည်လင်သန့်ရှင်း၍ အေးစက်သော မျက်လုံးများတွင် ကူကယ်ရာမဲ့ဟန်ဖြင့် မှိုင်းမှုန်သွားသည်။ ဂျန်ဝုယောင်း အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
သူ့ချစ်သဲလေး၏ ကြည်လင်သော မျက်လုံးများတွင် သာမန်လူများ ပြသသလို ခံစားချက်မျိုး ပြသတာကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဘာဖြစ်လို့လဲ ဂျန်ဝုယောင်းက သူမဘက်သို့ လှည့်၍ ခေါင်းငုံ့ကာ နူးညံ့ချိုသာစွာ မေးလိုက်သည်။
သူ၏ ပူနွေးနွေး နှာခေါင်းလေက သူမနားကို ဖြတ်သန်းသွားသဖြင့် သူမ ယားကျိကျိ ဖြစ်သွားသည်။ ဂျန်ဝုရှီ ဂျန်ဝုယောင်းကို ခေါင်းမော့ကြည့်လိုက်သည်။
ဂျန်ဝုယောင်း၏ မဲနက်နေသော မျက်လုံးများတွင် သူမ၏ ပုံရိပ်ထင်နေတာကို ဂျန်ဝုရှီ ရှင်းလင်းစွာ မြင်ရသည်။
ဘာမှ မဖြစ်ဘူး ဂျန်ဝုရှီ ခေါင်းယမ်းလိုက်သည်။ သို့သော် သူမက သူမလိုအပ်သော သွေးကြာပန်းကို မည်သို့ ရယူမည်နည်းဟူ၍ စိတ်ထဲမှ ချင့်ချိန်စဉ်းစားနေသည်။ သူမမှာ ပိုက်ဆံ မလုံလောက်လျှင်.... သူမဆေးနှင့် သွေးကြာပန်းကို လဲလှယ်ရမလား, သူမ စဉ်းစားနေမိသည်။
သူမမှာ ရှိသည့် ဆေးက အရည်အသွေးပြည့်မီကြောင်း သူမ အတော်လေး ယုံကြည်ချက် ရှိသည်။ ထို့ကြောင့် သူမ အသေးစိတ် စီမံကိန်း ဆွဲနေမိသည်။ သွေးကြာပန်း၏ နောက်ဆုံးတန်ဖိုးက သူမမှာ ရှိသည့် ငွေကြေးအားလုံးထက် မြင့်တက်လာသဖြင့် သွေးကြာပန်းပိုင်ရှင်ကို သူမ မှတ်သားထားပြီး လေလံပွဲပြီးသည်နှင့် ထိုလူနှင့် အလဲအလှယ် သွားလုပ်ရမည်။
သွေးကြာပန်း လိုချင်သူ အများစုလည်း ထိုနည်းလမ်းမျိုးကို အသုံးချကြမည် ဖြစ်သည်။ သွေးကြာပန်းမရှိလျှင် ယန်ဘူဂွေ့အတွက် သူမ ဆေးဖော်စပ်ပေးနိုင်မည် မဟုတ်ပေ။ သွေးကြာပန်းက အထူးလိုအပ်ချက် ဖြစ်သည်။ သွေးကြာပန်းကို အစားထိုး သုံးစွဲပြီး သူမ ဆေးဖော်စပ်ပေးနိုင်သည်။ သို့သော် သက်ရောက်မှုက သွေးကြာပန်း ပါဝင်သည်ထက် နည်းပါးလွန်းသည်။