၄၆၃။ "ချစ်စရာကောင်းတာက အားသာချက် - ၁"

679 54 3
                                    

၄၆၃။ ချစ်စရာကောင်းတာက အားသာချက် - ၁

ဂျန်ဝုရှီက လီဇီမုအား သတ်ပစ်ရန် ကြောင်နက်လေးအား ဘာ့ကြောင့် ခိုင်းသလဲဆိုတာကို ကျောက်ချူ နောက်ဆုံးတွင် နားလည်သွားသည်။ ဂျန်ဝုရှီက အစကတည်းက စီမံကိန်းဆွဲထားခဲ့သည်။

တိုက်ပွဲတောအုပ်တွင် ကျောင်းသားများ မကြာခဏ လိပ်ပြာသားရဲများ အတိုက်ခိုက်ခံရတာ အမှန်တရား တစ်ခု ဖြစ်သည်။ သူတို့ ကာကွယ်ဖို့ အချိန်မမီလျှင် အရေအတွက် အတော်များများ အသက်ဆုံးရှူံး သွားတတ်ကြသည်။

မဟာဌာနမှ ကျောင်းသားများ၏ အမြင်တွင် ဒီသေးငယ်သော အဖွဲ့က သူတို့အားလုံးထဲမှာ အင်အားအနည်းဆုံး အဖွဲ့ဖြစ်သည်။ စွမ်းရည်အရှိဆုံးဆိုလို့ ဖန်ဂျင်တစ်ယောက်တည်းသာ ရှိသည်။ သူတစ်ယောက်တည်းဖြင့် လူအားလုံးကို မထိခိုက်အောင် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

ထို့ကြောင့် လီဇီမု သေဆုံးခြင်းက ယုတ္တိတန်သွားသည်။

ရက်စက်တယ်, ဒါ အတော် ရက်စက်တယ် ကျောက်ချူက ဂျန်ရှီ၏ နက်နဲပြီး စေ့စပ်သေချာသော ဦးနှောက်အောက်တွင် ဝပ်စင်းလုမတတ် ဖြစ်သွားသည်။ ဂျန်ရှီက လီဇီမုကို သူတို့အဖွဲ့နှင့် ပူးပေါင်းရန် ခွင့်ပြုဖို့ စတင်သဘောတူကတည်းက ကိစ္စရပ်တစ်ခုလုံးကို တွေးတောပြီး ဖြစ်ရမည်။

ဂျန်ဝုရှီက ကျောက်ချူကို ကြည့်သည်။ သူမမျက်နှာက ခပ်တည်တည်ပင်။ သူမ စကားတစ်ခွန်းမျှ မပြောတော့ချေ။

သူမ၏ ဝိညာဉ်စွမ်းအား အဆင့်ချိုးဖျက်တက်ရောက်ရာမှာ သူမ ပိုမို၍ စိုးရိမ်ခဲ့သည်။ ငွေရောင်ဝံပုလွေကို မဝါးမျိုခင်အထိ သူမက လိမ္မော်ရောင်ဝိညာဉ်စွမ်းအား၏ ထိပ်ဆုံးအဆင့်မှာ တန့်နေခဲ့သည်။ ဝိညာဉ်စွမ်းအားများကို သူမ ဆက်လက် စုပ်ယူနေခဲ့သည်။ သို့သော် အဆင့်တက်မလာခဲ့ပေ။ အခု အဆင့်တက်တော့မှ သိုလောင်ထားသော ဝိညာဉ်စွမ်းအင်များက တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။ သူမက အခုမှ အဝါရောင်ဝိညာဉ်စွမ်းအားအဆင့်သို့ ရောက်ရှိရုံသာ ရှိသေးသည်။ သို့သော် အစိမ်းရောင်ဝိညာဉ်စွမ်းအားအဆင့်နှင့် သိပ်မဝေးတော့ကြောင့် သူမ ခံစားမိသည်။

ပါရမီရှင်သမားတော်(၂)Opowieści tętniące życiem. Odkryj je teraz