၄၃၆။ ခေါင်းမာသော လူ့အန္ဓ - ၄
ဂျန်ရှီတဲ့လား နင်ရူက ၎င်းနာမည်ကို ထပ်တလဲလဲ ရွတ်ဆိုနေ၏။ ၎င်းနာမည်က အာ့ဂျင် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ပြောသော နာမည် ဖြစ်သည်။ သူက မျက်မှောင်ကြုတ်၍ သူ့နောက်မှ တပည့်ကို လှည့်ပြောသည် မမလေးကို ငါ့ရုံးခန်း ခေါ်လာခဲ့။
အမိန့်ပေးပြီးနောက် နင်ရူက လျှောက်လှမ်း ထွက်ခွာသွားသည်။ သူ့လမ်းကြောင်းက ကျောင်းအုပ်ကြီး၏ ရုံးခန်းမှ ဝေးကွာသထက် ဝေးကွာသွားလေ၏။
နင်ရူက သူ့ရုံးခန်းတွင် ထိုင်နေ၏။ သူ၏ နူးညံ့၍ ကြင်နာဟန်ရသော မျက်နှာက အတွေးနက်နေသည်။ အတော်ကြာလျှင် တံခါးခေါက်သံ ပေါ်လာ၍ တိတ်ဆိတ်ငြိမ်သက်ခြင်းက ကျိုးပျက်သွားသည်။ နင်ရူက လှမ်းကြည့်၍ ပြောသည် ဝင်လာခဲ့။
တံခါးကို တွန်းဖွင့်၍ မိန်းမပျိုလေးတစ်ယောက် အထဲသို့ နူးညံ့သိမ်မွေ့စွာ ခပ်ဖြည်းဖြည်း လှမ်းဝင်လာသည်။ သူမက နင်ရူကို ကြည့်၍ ပေါ့ပေါ့ပါးပါး နှုတ်ဆက်သည် ဖေဖေ, မြန်မြန်လာဆိုလို့၊ ဘာ့အတွက်လဲ မသိဘူး။
အခန်းထဲ ဝင်လာသော မိန်းမပျိုက ရွှေဟင်္သာလို ပြေပြစ်ညက်ညောစွာ ရွေ့လျား၏။ လှလည်း လှပ၏။ သူမက ကျောင်းတော်တစ်ခုလုံးတွင် ကျောင်းသားများ တလေးတစား အမကြီးနင်ဟု ခေါ်ဝေါ်ရသော နင်ရှင်း ဖြစ်သည်။
နင်ရူက ယဉ်ကျေးသိမ်မွေ့ပြီး ချောမောသော သူ့သမီးကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်၍ လက်ယပ်ခေါ်ကာ ထိုင်ခိုင်းပြီးနောက် ပြောသည် ငါ ကနေ့ အာ့ဂျင်ကို တွေ့ခဲ့တယ်။
အာ့ဂျင်လား, ဖန်ဇိုနဲ့ တစ်ချိန်လုံး အတူနေတဲ့ ငတုံးကောင်လေးလား နင်ရှင်းက ပြန်မေး၏။
နင်ရူက ခေါင်းညိတ်ပြသည်။ ဟုတ်တယ်၊ အဲကောင်လေးက တော်တော်ပိန်းတဲ့ ကောင်လေး၊ စိုးရိမ်ပူပန်တဲ့ စကားလုံး နဲနဲလောက် ငါ ပြောလိုက်တာနဲ့ အိတ်သွန်ဖာမှောက် အကုန်ပြောတော့တာပဲ၊ ဖန်ဇို့မှာ ဧည့်သည်တစ်ယောက် ရှိနေတယ်၊ ပြီးခဲ့တဲ့ လကမှ ဝါးတောအုပ်ကို ရောက်နေတာ၊ ပြီးတော့ ခေါ်လာတဲ့သူက ဖန်ဂျင်လေ။