၈၃၃။ တောင်းပန်ပါတယ်, ဒါ ကျုပ်အလှည့်ပါ (၈)

366 32 0
                                    

၈၃၃။ တောင်းပန်ပါတယ်, ဒါ ကျုပ်အလှည့်ပါ (၈)

ဇောင်းရွှမ် ပျောက်ကွယ်သွားသည်။ လုပ်ကြံသတ်ဖြတ်သူများ သူ့နောက် လိုက်ဖမ်းတာကို နောက်ဆုံး မြင်လိုက်ကတည်းက, မြင်ကွင်းမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ နောက်ဆုံး စကားများကို လမ်းမ‌ပေါ်ရှိ လူများအပြား ကြားခဲ့ကြသည်။ ၎င်းစကားများကြောင့် လူများ အတွေးနက်သွားကြသည်။

ဘုရင့်နေပြည်တော်အတွင်းရှိ လေထုက ပြောင်းလဲသွားသည်။ အိမ်ရှေ့စံ လွန်ကျူးသည်ဟု စွဲမှတ်ထားသော ပြစ်မှုများလည်း ဘာမျှ မဟုတ်သလို တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လေ့ချန်က ၎င်းသတင်းကို စကြားကြားချင်း ထိုင်နေလို့ပင် မရခဲ့ပေ။ သို့သော် မဆင်မခြင် မလုပ်သင့်ကြောင်းကို သူ သိသည်။ သူက ညမှောင်မိုက်၍ တိတ်ဆိတ်ငြိမ်သက်ချိန်မှ ထာဝရအမိုးခုံး တည်းခိုအိမ်သို့ သွား၍ ဂျန်ဝုရှီနှင့် တွေ့ဆုံလိုက်သည်။

ညီငယ်လေး ဂျန်, မင်း ဘယ်လိုလုပ် ဖြေရှင်းလိုက်တာလဲ၊ အဲဒီ ဇောင်းရွှမ်ဆိုတဲ့ကောင်ကို မင်းနဲ့ တိုက်ခိုက်ဖို့ ဘယ်လိုနည်းနဲ့ တိုက်ပွဲကွင်းပြင်မှာ ပေါ်လာအောင် လုပ်လိုက်တာလဲ လေ့ချန်က ထိုနေ့ မနက်ပိုင်း ကောလာဟလများ ပြောင်းပြန်ဖြစ်သွားပြီးသည့်နောက်ပိုင်း သူ၏ စိတ်လှုပ်ရှားခြင်းကို ကြိုးစားဖိနှိပ်ထားရသည်။ ဘုရင့်နေပြည်တော်အတွင်းရှိ လူများ ပြောဆို ဆွေးနွေးနေကြသော စကားများကို နားထောင်ဖို့ လေ့ချန်က သူ့လူများကို စေလွှတ်ခဲ့သည်။ မကောင်းသတင်းများက သူနှင့် မသက်ဆိုင်တော့ကြောင်းကို သူ သိရှိသွားပြီးနောက် သူ စိတ်သက်သာရာ ရသွားကာ သက်ပြင်းအေး ချမိသည်။

ဂျန်ဝုရှီက ကြောင်နက်လေးကို ချီပိုးလာပြီး ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်၍ စိတ်လှုပ်ရှားတက်ကြွ၍ ကြည်နူးသာယာနေသော လေ့ချန်ကို ကြည့်လိုက်သည်။ သူမမျက်နှာက ခါတိုင်းလိုပင် လေငြိမ်သော ပင်လယ်လို တည်ငြိမ်နေသည်။

သူ ဘယ်လိုဖြစ်ဖြစ် ပေါ်လာရမှာပေါ့ ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now