၇၇၇။ ညစာစားပွဲ (၄)

315 30 0
                                    

၇၇၇။ ညစာစားပွဲ (၄)

လေညင်းကျောင်းတော်မှ ခြောက်ယောက်က ကျိန်စာသင့်နေသလိုပင်။ ညစာစားပွဲအတွင်းရှိ တခြားကျောင်းတော်များမှ တပည့်ထုကြီးက သူတို့ကို ညွှန်ပြလျက် သူတို့အကြောင်းကို တိုးတိုး ပြောနေကြလေ၏။ လေညင်းကျောင်းတော်က သူတို့မျက်လုံးများမှာ ဒီနှစ်အတွက် အပြင်းအထန် ပြောစရာ အကြောင်းဖြစ်နေသည်။ လေ့ချန်၏ သူတို့အပေါ် အရေးပေးဆက်ဆံခြင်းကြောင့် သူတို့က ချက်ချင်းပင် ညွှန်တောထဲ ပစ်ချခံလိုက်ရလေ၏။

အမှန်ပြောရလျှင် သူတို့ ခြောက်ယောက်က ထူးကဲပြောင်မြောက်သော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် တခြားလူငယ်များအဖို့ သူတို့နှင့် လားလားမျှ မတူဟူ၍ မှတ်ယူထားကြသည်။ တကယ်တော့ သူတို့အားလုံးက ဒီနေရာမှာ ပြိုင်ဘက်များ ဖြစ်ကြပြီး လိပ်ပြာတိုက်ပွဲတွင် တခြားလူများထက် ပေါ်လွင်ထင်ရှားလိုသူများ ဖြစ်ကြသည်။ လိပ်ပြာတိုက်ပွဲ မစသေးခင်မှာပင် လေညင်းကျောင်းတော်က အိမ်ရှေ့စံ၏ အရေးပေးဆက်ဆံမှုကို ရရှိနေကြသဖြင့် သူတို့က မည်သို့ ပျော်ရွှင်နိုင်ကြမည်နည်း။

မြောင် ဂျန်ဝုရှီ၏ ပေါင်ပေါ်တွင် လဲလျောင်းနေသော ကြောင်နက်လေးက ပတ်ဝန်းကျင်မှ ထေ့လုံးငေါ့လုံး စကားများကို ကြားရသည်။ သူက လေထဲမှာ အမြီးကို ဖြည်းညင်းစွာ လှုပ်ယမ်းနေလေ၏။

(ဒီစည်းပျက်ကမ်းပျက် ကောင်လေးတွေကတော့, သူတို့အားလုံး အခန်းများ လွတ်နေကြသလား၊ ဒါက လိပ်ပြာတိုက်ပွဲ မဟုတ်ဘူးလား၊ ဘာ့ကြောင့် သူတို့အားလုံးက အိမ်ရှေ့စံ ရွေးချယ်နေတဲ့ မောင်းမတွေလို လုပ်နေကြတာလဲ၊ သူတို့ တစ်ယောက်ချင်းစီက မနာလို ဝန်တိုတဲ့ မိန်းမတွေလိုပဲ။)

(လေ့ချန်က သခင်မလေးကို စကားတစ်ခွန်းစ နှစ်ခွန်းစကိုသာ ပြောတာပါ၊ ဒီကောင်တွေ အကုန်လုံးက သခင်မလေးကို သဲသဲမဲမဲ ဝါးစားတော့မတတ်ပဲ။)

ဂျန်ဝုရှီက ကြောင်နက်လေး၏ အမွှေးနုနုလေးများကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သူမပတ်လည်မှ စကားများကို သူမ နားထဲ မဝင်အောင် တားမြစ်ထားလိုက်သည်။ သူမက ထိုကလေးများဖြင့် အချိန်မဖြုန်းလိုပေ။ သူတို့က ဒီညစာစားပွဲကို အကြောင်းပြုပြီး အိမ်ရှေ့စံ၏ စံအိမ်တွင် မြေပုံကို ရှာဖွေစစ်ဆေးဖို့ လာရောက်ခြင်း ဖြစ်သည်။ သို့မှသာ လိပ်ပြာတိုက်ပွဲပြီးသည့်နောက် သူတို့အတွက် လှုပ်ရှားရတာ ပိုမို လွယ်ကူသွားလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora