၆၁၀။ မင်းလေးက အရမ်းလှတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ကွယ်-၂

492 52 0
                                    

၆၁၀။ မင်းလေးက အရမ်းလှတယ်၊ ဒါပေမဲ့ ဆူးတွေနဲ့ကွယ်-၂

သူမနှင့် ပတ်သက်ပြီး မသင့်လျော်သော အတွေးများ ဖြစ်ပေါ်လုလု ဖြစ်သွားတာကို သူမသာ သိလျှင် သူ ကြာရှည် အသက်ရှင်နိုင်မည် မဟုတ်ပေ။

မင်း သာမန်လူတစ်ယောက်လို မနေနိုင်ဘူးလား ဟွာယောင်းက အလွန် စိတ်လှုပ်ရှားသွားသော ကျောက်ချူကို ယဲ့ယဲ့လေး ကြည့်ပြီး ပြောသည်။

ကျောက်ချူက အသက်ပြင်းပြင်း အကြိမ်များများ ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် ခေါင်းလှည့်ကြည့်လိုက်သည်။ သို့သော် သူ လှည့်ကြည့်လိုက်ချိန်မှာပင် ဂျန်ဝုရှီက သူတို့ဆီ တည့်တည့် ကြည့်လာသည်။

ကျောက်ချူ ဒူးညွတ်ကျမတတ် ဖြစ်သွားသည်။

အပြစ်အနာအဆာ ကင်းလွန်းသော အလှလေးမှ ထိုအကြည့်ကို ဆန့်ကျင်ဖို့ ဆိုတာ မည်သို့ ဖြစ်နိုင်ဖွယ်ရာ ရှိအံ့နည်း။

ကျောက်ချူတို့ အဖွဲ့က လေညင်းကျောင်းတော်၏ ကြေကွဲဖွယ်ရာ အခင်းအကျင်းကို အခုထိ သတိမပြုမိကြသေးပေ။ သူတို့က ဂျန်ဝုရှီ၏ အံ့အားသင့်ဖွယ်ရာ ပြောင်းလဲသွားမှုကြောင့် တုန်လှုပ်ချောက်ချားနေလို့ ဖြစ်သည်။

နန်းဂုန်းစီက သူ၏ နှလုံးအိုအိုကြီးကို တုန်လှုပ်စေသော အဖြစ်အပျက် ဆက်တိုက်ဖြစ်သွားပြီးနောက် အပြည့်အဝ ပြန်လည် သတိဝင်လာသော ပထမဆုံး လူဖြစ်သည်။ သူက ကျောက်ချူတို့အဖွဲ့ကို သတိပြုမိသွားသည်။ သူတို့လည်း တိုက်ပွဲတောအုပ်တွင် ကံကြမ္မာငင်သော ထိုနေ့မှာ ပါဝင်နေခဲ့တာကို သူ မှတ်မိသွားသည်။ သူက အလျင်အမြန် သူတို့ဆီ လာပြီး ပြောသည် မင်းတို့ကောင်တွေ လာခဲ့ကြအုံး။

ကျောက်ချူတို့က နှာခေါင်း ပွတ်သပ်၍ စကားတစ်လုံးမျှ မပြောဘဲ သူ့နောက် လိုက်ပါသွားကြသည်။

နန်းဂုန်းစီက သူတို့ကို ခေါ်ယူသွားပြီး ဂျန်ဝုရှီ၏ ရှေ့တွင် ရပ်လိုက်သည်။ မမလေး ဂျန်, ဒီကျောင်းသားတွေလည်း အဲနေ့တုန်းက ရှိနေခဲ့ကြတယ်၊ သူတို့ကို မမလေး မေးစရာ ရှိရင်, ကျေးဇူးပြုပြီး မေးပါနော်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now