၈၇၄။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက်ပုံစံ(၄)
ဖန်ယွီယန်၏ စကားကို မည်သူမျှ သံသယမဝင်ပေ။ ချူလင်းယွဲ့ အပြည့်အဝ ပြန်ကောင်းသွားပြီဟု သူ ကောက်ချက်ချလျှင်, ဒါ အမှန်သာ ဖြစ်ရမည်။
သို့သော် ပြီးခဲ့သည့် ရက်များမှာ ချူလင်းယွဲ့အား ကုသပေးခဲ့သည့် သမားတော်များ အားလုံးက ချူလင်းယွဲ့၏ ဒဏ်ရာ ပြင်းထန်မှန်း ကောင်းကောင်း သိထားကြသည်။ ဒီလောက် အချိန်တိုလေးဖြင့် ချူလင်းယွဲ့ ပြန်ကောင်းသွားတာကို သူတို့ မယုံကြည်နိုင်ဖွယ်ဖြစ်ရပ်ဟူ၍ မှတ်ထင်သွားကြသည်။ အချိန်က တိုတိုလေးသာ... ပြောရမည် ဆိုလျှင် မျက်တောင်တစ်ခတ်စာမျှသာ ကြာသည်။ ဒါ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ရှုံးဘက လုံးလုံး တုန်လှုပ်သွားပြီး ဖန်ယွီယန်ကို ကြည့်နေရင်းမှ ဂျန်ဝုရှီကို လှည့်ကြည့်လိုက်သည်။ သူမက တည်ငြိမ်စွာ တစ်ဖက်တွင် ရပ်နေသည်။
တကယ်... တကယ်ကြီးလား ရှုံးဘက ထုံ့ပိုင်းထုံ့ပိုင်းဖြင့် ပြောသည်။
မင်းကို လိမ်ပြောတာလို့ ထင်နေတာလား ဖန်ယွီယန်က မနှစ်သက်စွာ ပြောလိုက်သည်။
ရှုံးဘ၏ မြင့်မားတုပ်ခိုင်သော ခန္ဓာကိုယ်ကြီးက တုန်ယင်သွားသည်။
သူက ဂျန်ဝုရှီဘက်သို့ လှည့်ကြည့်ကာ ချက်ချင်းပင် ဒူးတစ်ဖက်ထောက်၍ လေးလေးနက်နက် ပြောလိုက်သည် အစောတုန်းက ငါ မမလေးဂျန်ကို ရိုင်းပြမိခဲ့ပါတယ်၊ ဒါ့ကြောင့် မမလေး ဂျန် ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
ဒေါသမာန်ဟုန်ပြင်းထန်ခဲ့သော မီးလျှံခန်းမသခင်က ဂျန်ဝုရှီကို တကယ်ပင် ဒူးထောက် တောင်းပန်လိုက်သည်။ ရုတ်တရက် အဖြစ်အပျက် အလှည့်အပြောင်းက လူတိုင်းအား ဆွံ့အသွားစေသည်။
ဂျန်ဝုရှီက ချူလင်းယွဲ့၏ ဒဏ်ရာကို မည်သို့ ကုသပေးနိုင်ခဲ့သနည်း။ ဒါက သံသယဖြစ်ဖွယ်မရှိ တကယ်ပင် ရယ်စရာဟာသဖြစ်ရပ်တစ်ခု ဖြစ်နေသည်။
အခန်းတွင်းရှိ သမားတော်များအားလုံး သူတို့ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ပြောစရာစကားစ ရှာမရဘဲ တုန်လှုပ်နေကြသည်။ သူတို့၏ စိတ်များကို သူတို့ ဆုံးရှုံးလုမတတ်ပင်။ ဒါက အိပ်မက်လား တကယ်လားဟုပင် သူတို့ မသေချာတော့ပေ။