၈၈၉။ နန်းတွင်းညစာစားပွဲ(၈)

200 18 0
                                    

၈၈၉။ နန်းတွင်းညစာစားပွဲ(၈)

ဂျန်ဝုရှီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဝမ်ယု၏ ထူးဆန်းသော အပြုအမူက သူမလက်မှ လက်စွပ်ကို မြင်ပြီးနောက်မှ စတင် ဖြစ်‌ပေါ်လာပုံ ရသည်။

တစ်ယောက်က ဘုရင်ကြီး၊ နောက်တစ်ယောက် မဟာအကြံပေး၊ သူတို့နှစ်ယောက်လုံးက သူမဝတ်ဆင်ထားသော လက်စွပ်နှင့် အကြီးအကျယ် သက်ဆိုင်နေပုံရသည်။

သို့သော် ဝမ်ယုက သူမအပေါ် မည်သည့် မလိုမုန်းထားစိတ်မျှ မရှိဆိုတာကိုတော့ ဂျန်ဝုရှီ သေချာသိသည်။

ဘာ့ကြောင့် မဟာအကြံပေးက ဒီလိုမျိုး ပြောရတာပါလိမ့် ဝမ်ယုက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေကြောင်း ဂျန်ဝုရှီ ခံစားမိသည်။ သို့သော် ထိုအခိုက်မှာ သူမ မည်သည့် အကြောင်းပြချက်ကိုမျှ မစဉ်းစားနိုင် ဖြစ်နေသည်။

ဝမ်ယုက ဂျန်ဝုရှီ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို ကြည့်လိုက်သည်။ သူက ကိစ္စရပ်များမှာ ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။ သို့သော် ဒီကလေးက လေ့ချန်နှင့် အတော် ရင်းနှီးသည်။ ထို့ပြင် ထိုဉာဏ်ထက်မြက်သော မျက်လုံးတစ်စုံက နှစ်သက်ဖွယ်ကောင်းကြောင်း သူ သိရှိသည်။ အတော်အတန် အေးစက်၍ အဖက်မတန်သလို ဖြစ်နေသော်ငြား ထိုမျက်လုံးတစ်စုံမှာ လူများအား ရက်စက်လိုခြင်းများ ဖုံးကွယ်မထားဟူ၍ သူ ယူဆမိသည်။

ဘာ့ကြောင့်လဲ၊ သခင်လေးဂျန် မိသားစုနဲ့ မကြာခင် ပြန်မတွေ့ချင်ဘူးလား။

ဂျန်ဝုရှီ၏ မျက်လုံးများ နက်မှောင်သွားသည်။

(မိသားစုနဲ့ ပြန်တွေ့ဖို့လား။)

(ဘာ့ကြောင့် သူမ မိသားစုနဲ့ ပြန်မတွေ့ချင်ရမှာလဲ၊ သူမ၏ မူရင်းဇာစ်မြစ်ကို ဖုံးကွယ်ထားပြီး သူမလုပ်နေသမျှ အရာရာတိုင်းက စိုးရိမ်ပူပန်ခြင်းမရှိဘဲ ချီတိုင်းပြည်နှင့် လင်းအိမ်တော်သို့ ပြန်နိုင်ဖို့ မဟုတ်ဘူးလား။)

ဂျန်ရှီ၏ မျက်လုံးများ မှိန်ဖျော့သွားတာကို ဝမ်ယု သတိထားမိသွားသည်။ သူ အမှားအယွင်းတစ်စုံတရာကို ပြောမိသွားကြောင်း သဘောပေါက်လိုက်သည်။ သူ ချက်ချင်းပင် ပြောလာသည် ငါ တောင်းပန်ပါတယ်၊ ငါ မပြောသင့်တာကို ပြောမိသွားတယ်၊ ဒါပေမဲ့ ငါ ကြားမိသလောက်တော့, သခင်လေးဂျန် ဒီရန်တိုင်းပြည် ဘုရင့်နေပြည်တော်ကို ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ မင်းကိုယ်တိုင် ပြဿနာတွေကို အတော်လေး ဆွဲဆောင်ခဲ့တယ်လို့ ငါ ကြားမိတယ်၊ ဒီနေပြည်တော်က သခင်လေးဂျန်အတွက် ကြာကြာနေဖို့ သင့်တော်ပုံ မရဘူး၊ ပိုပြီး မကောင်းတဲ့ ကိစ္စရပ်တွေ ဒီမှာ ဖြစ်လာမှာကို ရှောင်ရှားဖို့ သခင်လေးဂျန် ဒီနေရာကနေ မြန်မြန် ထွက်ခွာသွားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now