၇၉၇။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၆)

311 27 0
                                    

၇၉၇။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၆)

ဖန်ဂျင်က ခေါင်းညိတ်ပြရန် ဟန်ပြင်ပြီးမှ စိတ်ပြောင်းပြီး ခေါင်းယမ်းပြလိုက်သည်။ သူတို့ အစောလေးကမှ ပြန်ရောက်လာကြတာ၊ ပြန်ရောက်လာတာနဲ့ လူတွေက ချက်ချင်းပဲ သူတို့ကို ဝိုင်းအုံသွားကြတာ၊ သူတို့ အနားယူဖို့ အခန်းထဲတောင် ရောက်ကြသေးမဲ့ပုံတောင် မပေါ်သေးပါဘူး။

လေ့ချန် ရယ်လိုက်သည်။ သူတို့ အနားမယူရသေးရင်, သူတို့အားလုံးနဲ့ ကျုပ် ညစာအတူစားဖို့ အခွင့်အရေး ယူလိုက်ရင် ဘယ်လိုလဲ၊ ဒါ အဆင်ပြေနိုင်မလား။

ဒါက... ငါ အရင်ဆုံး သွား စစ်ဆေးလိုက်ပါအုံးမယ်။ ဂျန်ဝုရှီတို့က လေ့ချန်အပေါ် ခံစားချက် သိပ်မကောင်းမှန်း ဖန်ဂျင် သိထားသည်။ သို့သော် ဂျန်ဝုရှီတို့မှာ မည်သည့် ရည်ရွယ်ချက် ရှိမှန်းလည်း သူ မသိပေ။ ထို့ကြောင့် သူတို့ကိုယ်စား သူ ဆုံးဖြတ်ချက် မချရဲပေ။

‌လေ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ဖန်ဂျင်က ဂျန်ဝုရှီတို့ကို သူတို့၏ အမြင်ကို မေးရန် ချက်ချင်းပင် ဒုတိယထပ်သို့ တက်သွားသည်။

လေ့ချန်က ထွက်သွားသော ဖန်ဂျင်၏ ကျောပြင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာမှ အပြုံးက ဖြည်းဖြည်းချင်း ပျောက်လွင့်သွားလေ၏။

လေညင်းကျောင်းတော်က ဒီလောက် အရည်အချင်းရှိသော ကျောင်းသားများကို ပိုင်ဆိုင်ထားမှန် သူ တကယ်ပင် မျှော်လင့်မထားမိခဲ့ပေ။ သူ အရင်က ထာဝရအမိုးခုံး တည်းခိုအိမ်သို့ လာခဲ့ခြင်းက ဂျန်ရှီ တစ်ယောက်တည်းကြောင့်သာ ဖြစ်သည်။ သို့သော် ဂျန်ရှီက တစ်ကြိမ်ပြီး တစ်ကြိမ် အေးစက်စက်ဖြင့် ထူးမခြားနားဟန်သာ ရှိခဲ့သည်။ ဂျန်ရှီကို သိမ်းသွင်းဖို့ သူ အခွင့်အရေး မရရှိခဲ့ပေ။ သူက ဂျန်ရှီကို တကယ်ပင် အရင်ဆုံး လိပ်ပြာတိုက်ပွဲမှာ နာကျင်ခံစားသွားစေချင်ခဲ့သည်။ သို့မှသာ သူ့မှာ အိမ်ရှေ့စံရှိနေတာက မည်မျှလောက် အရေးသာကြောင်း သဘောပေါက်သွားစေချင်ခဲ့သည်။

သို့သော် သူ မတွေးထင်ထားမိတာက.....

လေညင်းကျောင်းတော်မှ တခြားကျောင်းသား ငါးယောက်လည်း လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားများ ရှိနေတာကို ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now