၇၁၆။ ကျနုပ်၏ လှုပ်ရှားချက် (၃)

343 38 1
                                    

၇၁၆။ ကျနုပ်၏ လှုပ်ရှားချက် (၃)

ထိုအချိန်မှာ ဂူလီရှန် ဘယ်လို အမူအရာ ဖြစ်သွားမှန်းပင် မသိလိုက်ပေ။ သို့သော် ကြောက်နက်လေး၏ စကားက ဝမ်ရှင်းဟန်အား ဂျန်ဝုရှီက ဗြောင်တင် ထောင်ဖောက်ခိုင်းချိန်မှာ, သူမ၏ ရည်ရွယ်ချက်က ဖန်ဂျင်ကို ကယ်တင်ရုံတင် မကဘူးဆိုတာကို သူ သဘောပေါက်သွားသည်။

ဂျန်ဝုရှီက ဝမ်ရှင်းဟန် ထောင်ဖောက်သွားသည့် အခိုက်ကို အသုံးပြုပြီး ဝမ်ရှင်းဟန်ထံ ဂုယင်နှင့် နင်ရူအပါအဝင် လူတိုင်းအား အာရုံစိုက်ထားစေပြီး ဝိညာဉ်ကုစားဌာနသို့ မျက်စိလွှဲထားစေလိုခဲ့သည်။

ထိုအခိုက်အခါသည် ဝိညာဉ်ကုစားဌာနမှ လူတိုင်း ဆုတ်ခွာဖို့ အခွင့်အရေးကို ဖန်တီးပေးခြင်း ဖြစ်သည်။

ဂူလီရှန်က နောက်ထပ် မတွေးတော့ဘဲ ချက်ချင်းပင် သူ့တပည့်များအားလုံးကို ဖြစ်နိုင်သမျှ မြန်မြန် ထုတ်ပိုးသိမ်းဆည်းခိုင်း၍ ကြောင်နက်လေး နောက်မှ လိုက်လာခဲ့သည်။ ခဏအကြာမှာ သူတို့ ဝိညာဉ်ကုစားဌာနမှ ထွက်လာပြီး ကျောင်းပေါက်ဝတွင် အသင့်ပြင်ထားသော ရထားလုံးများထဲသို့ ဝင်ရောက် ထိုင်၍ ချန်လင်းမြို့တော်သို့ အရောက်သွားကြသည်။

ချန်လင်းမြို့တော်သို့ ရောက်လျှင် ဂူလီရှန်က သူ့တပည့်များအတွက် နေရာထိုင်ခင်း စီမံပေးထားပြီး အခန်းသို့ ဝင်ကာ တစ်လှမ်းမျှပင် မထွက်ခဲ့ပေ။

သူက သေမင်းလက်ခုပ်တွင်းမှ သီသီလေး လွတ်မြောက်သွားသလို ခံစားနေရပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းနေလေ၏။

အဲတုန်းက ကျုပ် ခင်ဗျားကို ထွက်ခွာဖို့ မပြောရင်, ဘယ်အထိ ခင်ဗျား စောင့်နေအုံးမှာလဲ ဂျန်ဝုရှီက ဂူလီရှန်အား မေးခွန်းထုတ်သည့်လေသံဖြင့် မေးသည်။

ဂူလီရှန် ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။ ဂျန်ဝုရှီက ၎င်းကိစ္စရပ်များကို သဘာဝကျကျ ယုတ္တိရှိရှိ လုပ်ဆောင်သွားခဲ့သည်။ သို့သော် သူမ ကျောင်းတော်သို့ ပြန်ရောက်တာ နှစ်ရက်မျှသာ ရှိသေးသည် မဟုတ်လော။ မည်သူမျှ သတိမပြုမိစေဘဲ သည်လောက် ကလိမ်ကကျစ်ကျသော ပရိယာယ်ကို သူမ စဉ်းစားကာ စီမံနိုင်ခဲ့သည်။ လှပလွန်းစွာ အောင်မြင်ပြီးမြောက်ခဲ့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now